သမီးလေး နားနှစ်ခြမ်းကွဲသွားလို့ ကျောင်းကို လုံးဝမကျေနပ်ဘူးဆိုတဲ့ စည်ဖြိုးရဲ့ဇနီး ခင်လွှမ်း

သရုပ်ဆောင်စည်ဖြိုးရဲ့ ဇနီးဖြစ်သူ ခင်လွှမ်းကတော့ ကျောင်းမှာ ခုံပေါ်တက်ခုန်ပြီး လဲကျရာကနေ နားနှစ်ခြမ်းကွဲသွားတဲ့အထိ ဒဏ်ရာရခဲ့တဲ့ သမီးရဲ့ဖြစ်စဉ်ကို လူမှုကွန်ယက်ကနေ ဖော်ပြလာပြီး ကျောင်းဘက်ကို လုံးဝမကျေနပ်ဘူးလို့ ပြောထားပါတယ်။

ခင်လွှမ်းရဲ့ ပြောကြားချက်အရ ကလေးက ခုံပေါ်တက်ခုန်ပြီး လဲကျခဲ့တာလို့ အကြောင်းကြားလာလို့ ကျောင်းကိုချက်ခြင်းလိုက်သွားလို့ ဆေးခန်းထဲဝင်တဲ့အချိန်မှာ ခုံပေါ်က သစ်ရှူးတွေမှာ သွေးတွေ အများကြီးတွေ့ရသလို ကလေးကလည်း ငိုတာ လုံးဝ မရပ်ဘူးလို့ ဆိုပါတယ်။

တွေ့တွေ့ချင်း လူက မူးပြာသွားခဲ့ပြီး ဘယ်လိုတောင် လဲကျလို့ နားက နှစ်ခြမ်းကွဲသွားရတာလဲလို့ မေးချိန်မှာ ကျောင်းဘက်က အသေးစိတ်အခြေအနေကို သေချာ မပြောပြနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

နားဒဏ်ရာကို ဆေးခန်းမှာ တစ်ချက် အစိမ်းချုပ် ချုပ်ပေးလိုက်ရပြီး မိဘနှစ်ဦးလုံးက သမီးနာလွန်းနေလို့ ဒဏ်ရာကို ကြည့်တောင်မကြည့်ရဲဘူးလို့ ပြောပါတယ်။

ကျောင်းက ဆရာမကတော့ ရေရေရာရာ မဖြေပေးနိုင်သလို အမှတ်စစ်နေလို့ ဘာဖြစ်မှန်း မသိလိုက်ကြောင်း ဖြေကြားခဲ့လို့လည်း ခင်လွှမ်းက အရမ်းဒေါသထွက်ခဲ့ပြီး “အမှတ်က အဲ့အချိန် စစ်မှ ရတာလားရှင်။

ကလေးတွေထက် ဘယ်ဟာ ပိုအရေးကြီးနေပါသလဲရှင်။ ကျွန်မ လုံးဝ မကျေနပ်ပါဘူး” လို့ ပြောဆိုထားပါတယ်။

ကျွန်မ မကျေနပ်တာ လွန်သလား ကလေးရဲ့ပုံတေပဲ ကြည့်ကြပါတော့ .

ခုံပေါ်တက်ခုန်ပြီး လဲကျတာတဲ့

ကလေးက ပြန်ပြောတာတော့ ဆရာမတေ တစ်ယောက်မှ သူပြုတ်ကျတာ မသိလိုက်မမြင်လိုက်ကြဘူးတဲ့ .

ကိုယ်ဆေးခန်းထဲရောက်တော့ ခုံပေါ်မှာ တီရှူးတေမှာ သွေးတေ တပုံကြီးနဲ့ ကလေးကလည်း ငိုနေတာ လုံးဝမရပ်ဘူး

တွေ့တွေ့ချင်း ကိုယ်တောင် မူးပြာသွားတာပဲ .

ဘယ်လိုတောင် လဲကျလို့ နားက နှစ်ခြမ်းကွဲသွားရတာလဲရှင်.

တစ်ချက် အစိမ်းချုပ် ချုပ်လိုက်ရပါတယ်.

ကိုယ်လေ ကလေးကို သနားလွန်းလို့ ကိုယ်လဲငို သူလဲငို. သူ့အဖေလည်း ကြည့်တောင်မကြည့်ရဲ .

အိမ်က ကလေးထိန်းတေ ထိန်းတာတောင် အဲလိုတစ်ခါမှ မဖြစ်ဖူးပါဘူးရှင့် သေချာမကြည့်ကြတော့ ဘယ်လိုဖြစ်သလဲမေးတော့ အသေးစိတ် ဂဃနဏတောင် ပြန်မပြောပြနိုင်ကြပါဘူးရှင်.

တစ်ယောက်က အမှတ်စစ်နေလို့ မသိလိုက်ဘူးတဲ့. အမှတ်က အဲ့အချိန် စစ်မှ ရတာလားရှင်. ကလေးတေထက် ဘယ်ဟာ ပိုအရေးကြီးနေပါသလဲရှင်. ကျွန်မ လုံးဝ မကျေနပ်ပါဘူးရှင် …

ဒုတိယပုံက ကျောင်းဆေးခန်းက အနာကပ် ပလာစတာနဲ့ ကပ်ပေးလိုက်တာပါတဲ့ရှင်.

သမီးလေးကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးဖို့ လက်ခံလိုက်ပါပြီ.

နောက်နောင် ဘယ်ကလေးလေးတွေမှ ထပ်မဖြစ်ရအောင် မီဒီယာကနေ အများသိအောင် ပြောပြပါတော့မယ် …

မနေ့က အနာရှိန်နဲ့ ဖျားပါတယ် . သနားလိုက်တာ သမီးလေးရယ် . သူ့ခမျာ ဒီနေ့ချုပ်ရိုးဖြေရမှာ မသိရှာဘူး 😔

ခင်လွှမ်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *