ဘယ်သူမှ မရောက်နိုင်တဲ့ နေရာအထိ ကိုယ်တိုင်ဆင်းပြီး ကယ်တင်နေတဲ့ ဆရာတော်

ရေဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ပြည်သူတွေအတွက် ဘယ်သူမှ မျှော်လင့်မထားတဲ့ နေရာကနေ ကြီးမားတဲ့ အင်အားတစ်ခု ရောက်ရှိလို့လာပါတယ်။

ကူညီကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ခက်ခဲပြီး လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေအထိ “နွားဦးတိုက်ဆရာတော်” အရှင်ဉာဏလင်္ကာရ ကိုယ်တိုင် ဦးဆောင်ပြီး ကွင်းဆင်း ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ဒီလို မွန်မြတ်တဲ့ ကူညီကယ်ဆယ်ရေး ခရီးစဉ်ဟာ ဒီကနေ့ဆိုရင် (၃) ရက်မြောက်တိုင်ခဲ့ပြီဖြစ်ပြီး၊ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ လက်ဝယ်အရောက် ထောက်ပံ့မှုတွေ ဆက်တိုက် လုပ်ဆောင်ပေးနေတာပါ။
ဆရာတော်ရဲ့ လေးစားစရာ ဦးဆောင်မှုနဲ့အတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူနဲ့ ကရင်ပြည်နယ် အစရှိတဲ့ တစ်နိုင်ငံလုံးက လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ မီးသတ်၊ ဆည်မြောင်း၊ ရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာတွေအပြင်

အနုပညာရှင်တွေနဲ့ နာမည်ကြီး ဆယ်လီတွေပါ လေးမျက်နှာမြို့နယ်ထဲကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီနေကြပါတယ်။
ခက်ခဲတဲ့ စိန်ခေါ်မှုတွေကြားထဲကနေ အားမလျှော့ဘဲ ရုန်းကန်နေကြရတဲ့ လေးမျက်နှာမြို့နယ်သူ၊ မြို့နယ်သားတွေအားလုံး အခုလို စေတနာရှင်တွေရဲ့ ဝိုင်းဝန်းဖေးမမှုနဲ့အတူ

ဒီ ရေဘေးအခက်အခဲကြီးကနေ အမြန်ဆုံး အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။


Leave a Reply