📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆည်တွေ ရေတမင်ဖောက်ချမှု သက်သေ ရုပ်သံမှတ်တမ်း

သဖန်းဆိပ်နှင့် ကာဘိုးဆည်တို့မှ အကြမ်းဖက်စစ်တပ် ရေတမင်ဖောက်ချမှုကြောင့် မူးမြစ်ရိုးတစ်လျှောက် မြို့နယ် ၆ ခု ရေကြီးနစ်မြုပ်ပြီး ပြည်သူ သောင်းနှင့်ချီ ရေဘေးသင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်နှင့် ကာဘိုးဆည်တို့မှ အကြမ်းဖက်စစ်တပ်က ရေများကို တမင်သက်သက် လွှတ်ထုတ်ခဲ့မှုကြောင့် မူးမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ် ၆ ခုမှ ရပ်ကွက်နှင့် ကျေးရွာ ၁၀၀ ကျော် ရေကြီးနစ်မြုပ်ကာ ပြည်သူ သောင်းနှင့်ချီ ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ဩဂုတ် ၅ ရက်မှစတင်၍ သဖန်းဆိပ်ဆည်ရေကို မူးမြစ်အတွင်းသို့ စတင်ဖောက်ချခဲ့သလို ကာဘိုးဆည်ပါ ရေလျှံလာသဖြင့် ထပ်မံဖောက်ချခဲ့ရာ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနှင့် ရွှေဘို မြို့နယ်တို့တွင် ရေထုထည် အလျင်အမြန် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်ဘက်မှ စကားပြောစက် (Walkie-Talkie) ရေဒီယိုလိုင်းမှတစ်ဆင့် တော်လှန်ရေးရဲဘော်များထံ ဆဲဆိုကြိမ်းမောင်းထားသည့် အသံဖိုင် ပေါ်ထွက်လာခဲ့ပြီး၊ စစ်တပ်ဘက်က ဆည်တံခါးများ အကုန်ဖွင့်ထားပြီးဖြစ်ကြောင်းနှင့် တော်လှန်ရေးကျေးရွာများ ရေမြုပ်ကုန်ပြီဖြစ်ကြောင်း လှောင်ပြောင်ပြောဆိုထားသည်။

တော်လှန်ရေးရဲဘော်များဘက်ကမူ သဖန်းဆိပ်ဆည်သည် နည်းပညာရှင်များနှင့် သေချာတည်ဆောက်ထားသည့် ဆည်ကြီးဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်က မသိမနားမလည်ဘဲ စီမံခန့်ခွဲမှု ပျက်ကွက်စွာ ပိတ်လိုက်ဖွင့်လိုက် ပြုလုပ်ခဲ့၍ ယခုကဲ့သို့ ပြည်သူများ အကျိုးဆက် ခံနေရခြင်းဖြစ်ကြောင်း ပြန်လည်ထောက်ပြထားသည်။

လက်ရှိတွင် တန့်ဆည်နယ်၌ ကျေးရွာ ၂၀ ကျော် ရေမြုပ်ပြီး တံတားများနှင့် တူးမြောင်းများ ကျိုးပေါက်မျောပါခဲ့သလို၊ ရေဦးမြို့နယ်တွင်လည်း မြို့ပေါ် ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ ရပ်ကွက်များအပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ထို့အပြင် ခင်ဦးနယ် အနောက်ခြမ်းမှ သာဝတ္ထိ၊ ကျွန်းတောကြီး၊ ယာတော် အပါအဝင် ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်၍ လူဦးရေ ၁,၀၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့နေရပြီး မူးမြစ်ရေ ဆက်လက်တိုးနေသဖြင့် ရွှေဘိုနှင့် ဒီပဲယင်းနယ်မှ စစ်ဘေးရှောင်များပါ ထပ်မံတိမ်းရှောင်နေကြရသည်။

အထက်ပိုင်း ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့၌ မိုးဆက်တိုက် ရွာသွန်းနေသဖြင့် ဆည်အတွင်း ရေဝင်ရောက်မှု ဆက်လက်များပြားနေကာ ရေထုထည် ထပ်မံတိုးလာနိုင်သည့်အတွက် စားသောက်ရေး၊ နေထိုင်ရေး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းနှင့် မိုးစပါးစိုက်ခင်း အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်