ထိုင်းစာသင်ကျောင်း Pစ်ခ-တ်မှု နောက်ဆက်တွဲ ​Tဆုံးမှုတွေ

ထိုင်းစာသင်ကျောင်း ပစ်ခတ်မှုမှာ ကျောင်းသူတစ်ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာရှိတဲ့ နွန်သာဘူရီ ဒေသရဲ့ ဘန်ခရူရိုင် ခရိုင်ထဲမှာ ဖွင့်လှစ်ထားရာ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားက ဝင်ရောက် ပစ်ခတ်လို့ ဆရာ ဆရာမ ၅ ဦး၊ ကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။

ကျူးလွန်သူ ကျောင်းသား ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့ နေအိမ်မှာ အဖိုးနဲ့အဖွားလည်း အသတ်ခံထားရတာကို ရှာတွေ့ခဲ့ပါတယ်။

ဩဂုတ် ၈ ရက်မှာတော့ ဒဏ်ရာ ရသူတွေထဲက အသက် ၁၂ နှစ်အရွယ် Grade 7 ကျောင်းသူတစ်ဦး ဆေးရုံမှာ ထပ်မံ ကွယ်လွန်သွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စာသင်ကျောင်းဟာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတက်နေရသူတွေအတွက် သွေးအလှူခံတဲ့ ပို့စ်ကိုလည်း ဩဂုတ် ၈ ရက်နေ့က လူမှုကွန်ရက်ပေါ် တင်ထားခဲ့ပါတယ်။

ဆေးရုံ တက်နေရသူ စုစုပေါင်း ၁၄ ဦးရှိပြီး ၇ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဘန်ကောက် မှုခင်းဆေးပညာဌာန အကြီးအကဲ ဝီရောင် ဆူပါဆင်ဆီရီပရီချာက သေဆုံးသူ အများစုဟာ ဦးခေါင်း၊ ဒါမှမဟုတ် ရင်ညွန့်လို သေကွင်းသေကွက် ချက်ကောင်းကို ကျည်တစ်ချက်ထဲ အပစ်ခံထားရတာလို့ ပြောပါတယ်။

ဒဏ်ရာတွေရဲ့ အနေအထားအရ သေနတ်သမားဟာ သူကိုင်ဆောင်တဲ့ လက်နက်ကို အသားတကျနဲ့ ကောင်းကောင်း ကိုင်တွယ်တတ်လို့ ယူဆရကြောင်း သူက ဆိုပါတယ်။

လူငယ်ဟာ အဖိုးဖြစ်သူ လိုင်စင်နဲ့ ဝယ်ယူထားတဲ့ ၉ မမ ပစ္စတို တစ်လက်နဲ့ ကျည်ဆန်တွေကို ကျောင်းထဲ ယူဆောင်လာပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာပါ။

သေနတ်သမား လူငယ်ဟာ ကျောင်းတွင်း အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကလည်း အဲဒီလူငယ်အတွက် စိတ်ဖိစီးစရာ ကိစ္စတွေ ရှိနေခဲ့ကြောင်း ပြောပေမယ့် ရဲတွေကတော့ ပစ်ခတ်မှု နောက်ကွယ်က စေ့ဆော်မှုကို တရားဝင် အတည်မပြုသေးပါဘူး။

သေနတ်သမားဟာ မူးယစ်ဆေး သုံးထားသလား ဆိုတာမျိုး နောက်ထပ် မှုခင်းဆိုင်ရာ စစ်ဆေးချက်တွေကိုလည်း ရဲတွေက ဆက်လက် လုပ်ဆောင်နေပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားတဲ့ စာသင်ကျောင်းဟာ ထိုင်းရဲ့ အကျော်ကြားဆုံး အလယ်တန်းကျောင်း တစ်ခုဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ကျောင်းသူကျောင်းသား ၃၀၀၀ လောက် တက်ရောက် ပညာသင်ကြားနေပါတယ်။

ကျောင်းကိုတော့ ဩဂုတ် ၁၀ ရက်ကနေ ၁၄ ရက်ထိ ပိတ်ထားမှာဖြစ်ပြီး ဝန်ထမ်းတွေကိုလည်း အဲဒီရက်ပိုင်းအတွင်း နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – AP, Reuters, EPA, Getty Images


Comments

Leave a Reply

Your email address will not be published. Required fields are marked *