ငါန်းဇွန်မြို့မှ ကား ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ ကား ၂ စီး ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း TGYR တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရဲရင့်က ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့မှ ကား၂ စီး ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သား နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် ကျောင်းကြီးကုန်းဘုရားသို့ ရောက်ရှိနေကြောင်း သတင်းရ၍ TGYR-တပ်ဖွဲ့ (TGYR-Drone Team ) နှင့်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း ၄၀ မမ များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်အတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ အရေးပေါ် ကုသမှု ခံယူနေရကြောင်း၊ ကား ၂ စီးမှာလည်း ၁ စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင်သေပြီး ၃ ကောင် ဆေးကုသနေတယ်လို့ အတိအကျသိရပါတယ်။ အထူးသဖြင့် သူတို့ အထိနာ အသေများတဲ့အခါ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတာရယ် အမြဲလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းကို အထူးဂရုစိုက်ဖို့မှာချင်ပါတယ်။ ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အမြဲပြုလုပ်နေတာဖြစ်လို့ လေကြောင်းအသိ သတိရှိစွာ နေထိုင်ကြပါ” ဟု TGYR တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရဲရင့်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ ( TGYR-Drone Team ) နှင့်အတူ (အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့)၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ)၊ မန္တလေးခရိုင်(အမှတ် ၅တပ်ရင်း) Fight For Freedom (FFF.NK) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *