📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လက်ဖက်ခင်းထဲတွေ့တဲ့မှို ကြော်စားလိုက်ကြလို့ အရေးပေါ်ရောက်ကုန်ကြပြီ

လက်ဖက်ခင်းထဲက တွေ့တဲ့မှိုကို ကြော်စားကြရာက အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၇ ဦး ဆေးရုံတင်လိုက်ရ

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ လင်းလေအင်း ကျေးရွာမှာ မှိုကြော်စားရာက ဒေသခံ ၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ ညပိုင်းက လက်ဖက်ခြံထဲမှာတွေ့တဲ့ မှိုတွေကို ကြော်စားရာက အသက် ၃ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးတွေ အပါအဝင် ဒေသခံ ၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“မြေမှိုကို စားလို့ရတဲ့ မှိုတွေ ထင်ပြီး တမိသားစုလုံး ချက်စားကြတာ၊ စားလိုရတဲ့ မှိုနဲ့ မြေမှိုက ပုံစံမတူဘူး၊ အရွက်နဲ့ ထီးရိုးပုံစံ တူတယ်၊ အောက်ကအကြောပုံစံ ကွဲတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မှိုကြော်စားပြီးနောက် ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဗိုက်နာပြီး ဝမ်းသွားခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပွားခဲ့တာကြောင့် ပင်းတယပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

“အခုတော့ သက်သာနေပါပြီ၊ ငှက်စို့မှိုနဲ့ မြေမှိုကို မှားစားကြတာ၊ တောထဲတွေ့တဲ့မှိုကို စားလို့ရတယ်ဆိုပြီး ချက်စားကြတာက ဖြစ်တာ” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

စားလို့မရဘဲ လူကိုအဆိပ်ဖြစ်စေတဲ့ မှိုတွေဟာ အောက်ခြေမှာ အခွက်ပါရှိပြီး ရိုးတံမှာ ခြေချင်းပါရှိကာ မှိုထီးရွက်မှာ အကြေးဖတ်များ ပြန့်ကျဲပါခြင်း၊ ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၊ မှိုထီးရွက် အရောင်အဆင်း တောက်ပခြင်းနဲ့ အစိမ်းရောင် မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း စတဲ့လက္ခဏာတွေ ပါရှိတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်