📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်
TDYM Mm News 1

နေဝင်ချိန်တွေနီးလာတဲ့ သီတာယုမွန်

PDF စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင်မရှိ

PDF က စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင် မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

ဇူလိုင်၂၆ရက်ညတွင် မြင်းခြံမြို့၊၁၉ရပ်ကွက်၊မြင်းခြံ-ညောင်ဦးလမ်းဆုံရှိ စွန်းလွန်းပန်းခြံနေရာ၌ ကေတီဗီနှင့်စားသောက်ဆိုင်ကို သီတာယုမွန်က ငှားရမ်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး PDF တို့က အချိန်မရွေး တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

TDYM Mm News 2

“ဖွင့်ပွဲလုပ်တဲ့အချိန်မှာ ဖိတ်ထားတာဆိုတော့ ကီးဘုတ်မ(သီတာယုမွန်)ကို ကြောက်တာရော မသွား လို့မကောင်းတာရောပေါ့။ သွားကြတာတွေ ရှိတယ်။ အဲဒါပြီးတော့ လူအဝင်လုံးဝမရှိဘူး။ အဲဒါကြောင့် ကီးဘုတ်မက တစ်တော့ပေါ်မှာ လူမဝင်လို့ တစ်ယောက်တည်း ပေါက်ကွဲနေတယ်”ဟု မြင်းခြံမြို့သတင်းရင်းမြစ်က ပြောသည်။

ယင်းဆိုင်ကို PDF တို့က တိုက်ခိုက်မည်စိုးသဖြင့် ပျူစောထီးတို့က အရပ်ဝတ်ဖြင့် ကင်းစောင့်နေ ကြောင်း သိရသည်။

“ဆိုင်အဝင်ဝနားမှာ ပျူ လုံခြုံရေး ၃ယောက် အရပ်ဝတ်နဲ့ ပုံမှန်ရှိတယ်။ဆိုင်ရှေ့နားက ထရန်စဖော် မာပုံးနားမှာ ကားလေးတစ်စီးနဲ့ စောင့်နေကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

TDYM Mm News 3

ယင်းဆိုင်ဖွင့်ပွဲ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်များ အထူးသဖြင့် အိမ်ခြံမြေပွဲစားများကို တော်လှန် ရေးအင်အားစုတို့က မှတ်သားထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ Myingyan News မှတစ်ဆင့် ပြောကြားထားသည်။

မြင်းခြံ ပျူစောထီး ဘုရင်မ သီတာယုမွန်၏ ရုပ်ပုံလွှာ

မြင်းခြံမြို့နယ်တွင် စစ်အုပ်စု၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသည့် သီတာယုမွန်သည် လက်ရဲဇက်ရဲရှိပြီး လုယက်၊ သတ်ဖြတ်၊ မီးရှို့ဖျက်ဆီးမှုများကို ကျူးလွန်နေသည့် ခေါင်းဆောင်တဦးအဖြစ် ရပ်တည်လျက်ရှိသည်။ သူမ၏ ယခုဘဝပုံစံသည် အတိတ်ဘဝဇာတ်ကြောင်းနှင့် ဆက်စပ်နေသည်ဟုလည်း ဆိုကြသည်။

TDYM Mm News 4

၂၀၀၄ ခုနှစ်ခန့်က မန္တလေးမြို့ရှိ နာမည်ကြီး စင်တင်ဘီယာဆိုင်တခုတွင် အဆိုတော်တဦးအဖြစ် သီတာယုမွန်၏ ဘဝကို စတင်ခဲ့သည်။ ထိုအချိန်က KTV များ ခေတ်မစားသေးသဖြင့် စင်တင်ဘီယာဆိုင်များတွင် ပန်းကုံးစနစ်ဖြင့် အဆိုတော်များက ဝင်ငွေကောင်းစွာ ရရှိခဲ့ကြသည်။ သူမသည်လည်း မိမိ၏ အစွမ်းအစဖြင့် ထိုခေတ်ကာလတွင် အောင်မြင်မှုတရပ်ကို ရယူနိုင်ခဲ့သည်ဟု သိရသည်။

နောက်ပိုင်းတွင် မြင်းခြံမြို့သား စိန်လွင်ဆိုသူနှင့် အိမ်ထောင်ကျ

ခဲ့ပြီး ၎င်းတို့နှစ်ဦးတွင် ယွန်းယုလွင်ဦး (၁၇ နှစ်) နှင့် ဟန်သုသုဇော်ဟူသော သမီးနှစ်ဦး ထွန်းကားခဲ့သည်။ သို့သော် သူမ၏ လုပ်ရပ်များကြောင့် သမီးနှစ်ဦးအပါအဝင် မိသားစု၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပြီး ပြည်သူများ၏ ရှုတ်ချမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံနေရသည်ဟု ဆိုကြသည်။

မြင်းခြံနယ်တွင် သီတာယုမွန်သည် စစ်အုပ်စုနှင့် ပူးပေါင်းကာ လူသတ်ခြင်း၊ လုယက်ခြင်း၊ ရွာမီးရှို့ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ထိုလုပ်ရပ်များအတွက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကပင် သူမအား စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ခဲ့ရအထိ အောင်မြင်ကျော်ကြားခဲ့ရသည်။

သူမ၏ နေအိမ်သည်လည်း အစောင့်အကြပ်များဖြင့် တင်းကျပ်စွာ ပိတ်ဆို့ထားပြီး တော်ရုံလူ ဝင်ခွင့်မရပေ။ ထိုအိမ်တွင် အမျိုးသမီး ပျူစောထီးအဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးနေသည်ဟုလည်း သတင်းများက ဆိုသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကပင် သူမအား လိုလားစွာ ရှောင်ရှားနေရသည်အထိ အာဏာနှင့် သြဇာအာဏာကြီးမားသူတဦး ဖြစ်လာခဲ့သည်။ သူမလက်အောက်တွင် ငွေလွယ်လွယ်ရခြင်း၊ လစာကောင်းခြင်းတို့ကြောင့် ပျူစောထီးအဖွဲ့ဝင်များစွာ ရှိနေပြီး စစ်တပ်ကလည်း သူမအား အထူးတလည် အလေးထားထားသည်ဟု ဆိုသည်။

အထက်ပါအချက်များအရ သီတာယုမွန်သည် မြင်းခြံဒေသတွင် စစ်အုပ်စုကို ကျောထောက်နောက်ခံပြုကာ လက်နက်အားကိုးဖြင့် ကြီးမားသည့် သြဇာအာဏာကို တည်ဆောက်ထားသည့် အမျိုးသမီးခေါင်းဆောင်တဦးဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ သူမ၏ ဘဝဇာတ်ကြောင်းသည်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ရှုပ်ထွေးမှုများကြားမှ ထွက်ပေါ်လာသည့် အံ့ဩဖွယ်ဖြစ်ရပ်တခုပင် ဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်