📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အင်း​တော်-ကသာကြား အပီကြိတ် စိစိညက်ညက်ချေနေပြီ

အင်း​တော်-ကသာကြားစစ်​ရေးအရအ​ရေးပါတဲ့စခန်းတစ်ခုကို​တော်လှန်​ရေးတပ်​တွေသိမ်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့ကြားက စစ်ရေးအရအရေးပါတဲ့ နေရာတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကတပ်ရင်းသုံးခုက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ပင်းမလွတ်လမ်းခွစခန်းကို ဟုမ္မလင်းPDF​တွေအပါအဝင်​တော်လှန်​ရေးမဟာမိတ်တပ်​တွေက သုံးကြိမ်တိုင်ထိုးစစ်ဆင်အပြီး ဇူလိုင် နောက်ဆုံးပတ်က သိမ်းပိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။

“အဲ့နေရာကစစ်ရေးအရ တကယ်အရေးပါပါတယ်။ဘာလို့ဆို အင်းတော် နဲ့ မော်လူးမှာတပ်စွဲထားတဲ့ စစ်တပ်က လက်နက်၊ လူ၊ အစားအစာကို ကသာကို ပို့မရတော့ဘူး”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ထိုးစစ်ဆင်သိမ်းပိုက်မှုတွေမှာ လက်နက်မျိုးစုံ ၅၀ ၀န်းကျင်ရရှိပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၃၀ ကျော်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရ ကျဆုံးသူတချို့ရှိတယ်လို့ ဆိုပါတယ်။

“စစ်ရေးအခြေနေကတော့ ကသာအဝင်ထွက်လမ်းကိုထိန်းထားတယ်။လောလောဆယ်တော့သူတို့(စစ်တပ်)ကနေ့တိုင်းလိုလို လေယာဥ်အကူဒရုန်းအကူ​တွေနဲ့လာတိုးတယ်”လို့ ကသာမြို့နယ်မှာရှိတဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ ဆက်စပ်​နေတဲ့ တကောင်းဒေသတွေကို အခုနှစ် မတ်လမှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အင်အားထောင်ချီ အသုံးပြုကာအင်းတော်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ဗန်း​မောက်မြို့ကိုလည်း စစ်တပ်က ရှမ်းနီပြည်သူစစ် (SNA)၊ စစ်သားသစ်ဖြစ်တဲ့ ပြည်သူ့စစ်အင်အားအများအပြားသုံးပြီးပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

ဒါ​ပေမယ့် ဇူလိုင်လမှာ မော်လူး၊အင်း​တော် နယ်ကစစ်​ကြောင်း​တွေပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး စစ်တပ်က ရပ်ရွာ​တွေကပြည်သူသုံးတဲ့​ရေ​တွေကို အဆိပ်ခတ်ခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

လက်ရှိ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတဲ့ ကသာမြို့မှာ စစ်တပ်က ခမရ(၃၀၉)နဲ့ ခမရ(၁၀၆) တပ်ရင်းတွေ အခြေစိုက်ထားပြီး ရှမ်းနီပြည်သူ့စစ်တွေကိုလည်း စစ်ကူဖြည့်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ရုပ်သံ-HPDF

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်