📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး အဆုံးစီရင်

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်

TikTok ဗီဒီယိုအတိုများနှင့် အွန်လိုင်းဈေးရောင်းချမှုတို့ဖြင့် မြန်မာပရိသတ်များကြား လူသိများသည့် လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်၍ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာတွင် နေထိုင်သူ စောလေးသည် သြဂုတ်လ ၉ ရက် ညသန်းခေါင်းယံအချိန်၌ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ဒီမနက်မှ သေဆုံးနေတာကို တွေ့ရတာပါ။ စိတ်ဖိစီးမှုတွေကြောင့်လို့ ထင်ပါတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုစောလေးသည် ယခု သြဂုတ်လအတွင်း ရဟန်းခံယူရန် စီစဉ်ထားသည်ဟု နီးစပ်သူများထံမှ သိရပြီး

လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား ထိုင်းနယ်စပ်ရှိ ဖုတ်ဖရဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးစစ်ချက်ရလဒ်များကို စောင့်ဆိုင်းလျက်ရှိသည်။

ဆယ်လီစောလေးသည် TikTok လူမှုကွန်ရက်မှတစ်ဆင့် စတင်လူသိများလာခဲ့သူဖြစ်ပြီး ဟာသနှင့် သရုပ်ဆောင် ဗီဒီယိုအတိုများ ရိုက်ကူးတင်ဆက်ခြင်း၊ အွန်လိုင်းဈေးရောင်းချခြင်းတို့ဖြင့် ပရိသတ်အားပေးမှု ရရှိထားသူဖြစ်သည်။

ကရင်သရုပ်ဆောင်ဒါးဒါးက “အိမ်သာထဲမှာ ကြိုးဆွဲချသေတာ ဒီမနက်ပဲ။ အခုဖုတ်ဖရ ဆေးရုံ ရင်ကွဲရုံမှာထားတယ်။ ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေတာလဲတော့မသိဘူး” ဟု သေဆုံးသူ၏ရုပ်အလောင်းကို ဆေးရုံရှေ့၌ သွားရောက်စောင့်ဆိုင်းနေချိန်တွင် Live လွှင့်၍ ပြောသည်။

စောလေးသည် “Saw Lay – ငပိထောင်း” အမှတ်တံဆိပ်ဖြင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းကို ထူထောင်ထားသည့် တက်သစ်စ လူငယ်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ထိုင်းဈေးကွက်အတွင်း၌ ကော်ဖီ၊ ငါးခြောက်ထောင်းနှင့် တိုင်းရင်းဆေးများကိုပါ တိုးချဲ့ရောင်းချသွားရန် ကြိုးစားနေကြောင်း ကရင်သတင်းဌာန KIC နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။

သူ ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်အရွယ်မျှသာ ရှိသေးသည်။

ငယ်စဉ်ကတည်းက ဖခင်နှင့်ကွဲကွာနေထိုင်ရပြီး မိခင်ဖြစ်သူနဲ့သာ ကြီးပြင်းလာရသည့် ဆယ်လီစောလေးမှာ ကိုယ်တိုင်ကြိုးစားရပ်တည်မှုဖြင့် ကရင်အသိုင်းအဝိုင်းတွင် လူသိများအောင်မြင်လာသည့် ကရင်လူငယ်စီးပွားရေးသမားတစ်ဦးလည်း ဖြစ်သည်ဟု သူနှင့်နီးစပ်သူများ ပြောသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်