ရှမ်းမြောက်တွင် ဂေါပကသမီးနှင့်ကျောင်းထိုင်ဆရာတော်တို့၏ အချစ်ဇာတ်လမ်း လူမှုကွန်ရက်ပေါ် ရေပန်းစားနေ🙏🏻🙏🏻
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာရှိ သက္ကယ်ကျောင်းတိုက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်ဆွေးနွေးမှုများမြင့်မားနေသည်။
ဖြစ်စဉ်၏ အဓိကပါဝင်သူများမှာ အသက် (၄၈) နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးအရိယ နှင့် အသက် (၃၀) ကျော်အရွယ် အမျိုးသမီး တာလန်း (အမည်ရင်း) တို့ဖြစ်ကြသည်။

၎င်းအမျိုးသမီး၏ အဖေဖြစ်သူမှာ ယခင်က ပွဲစားလုပ်ကိုင်ခဲ့သူ ဦးလှထွန်းဖြစ်ပြီး အဆိုပါကျောင်းတိုက်၏ ဂေါပကအဖွဲ့ဝင်နှင့် ရဟန်းတကာလည်း ဖြစ်သည်။
အဆိုပါ အမျိုးသမီးသည် ညဘက်အချိန်များတွင် ကျောင်းတိုက်သို့ ခဏခဏသွားရောက်လေ့ရှိကြောင်း အနီးဝန်းကျင်က မြင်တွေ့ခဲ့ရသည်။
နံနက်စောစော ဆွမ်းချိုင့်လာပို့သည့် အချိန်များတွင်လည်း ဆွမ်းစားဆောင်အတွင်း တံခါးပိတ်၍ နှစ်ဦးတည်း သီးသန့် အချိန်အကြာကြီး ရှိနေတတ်ကြောင်း အနီးရှိ ကိုရင်ငယ်များက မြင်တွေ့ခဲ့ရသည်။
၄င်းအမျိုးသမီး၏ TikTok စာမျက်နှာပေါ်တွင် ကျောင်းတိုက်ရှိ သံဃာတော်၏ အိပ်ခန်းနှင့် အိပ်ရာနောက်ခံပါဝင်သော ရုပ်သံများ ရိုက်ကူးတင်ရှိခဲ့ခြင်း၊ ကားပေါ်တွင် လက်ချင်းချိတ်ထားသည့် မှတ်တမ်းများ၊ ကားအတွင်း၌ လက်ချင်းချိတ်ထားသည့် ရုပ်သံများနှင့် ချစ်သူများနေ့ လက်ဆောင်များ၊ “ဘုန်းဘုန်းပေးတဲ့ မုန့်ဖိုး” ဟုဆိုကာ ငွေကြေးပြသထားသည့် ဗီဒီယိုများ တင်ခဲ့ခြင်းများလဲရှိသည်ဟုသိရပါတယ် ။

အဆိုပါ အမျိုးသမီးနှင့် ပတ်သက်နေသူမှာ ယခုကျောင်းထိုင် ဆရာတော် သာမကဘဲ အခြားရွာမှ ၎င်း၏ သူငယ်ချင်း ဘုန်းကြီးတစ်ပါးပါ ကားဖြင့် သွားလာကာ အပြိုင်အဆိုင် ကဲနေကြသည့် ရုပ်သံဖိုင်များလည်း ပါဝင်နေခြင်း၊ စားပွဲတစ်ခုတည်းတွင် အတူတကွ စားသောက်နေပုံများကို ရိုက်ကူးထားပြီး အခြားသူ၏ မျက်နှာကို စတီကာဖြင့် ကွယ်ထားသော်လည်း သင်္ကန်းရောင်အသုံးအဆောင်များကို စားပွဲအောက်တွင် ရှင်းလင်းစွာ မြင်တွေ့ရခြင်းတို့ ဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောခဲ့ကြပါတယ် ဂေါပကဖြစ်သူ အဖေက သမီးဖြစ်သူအား ဆရာတော်နှင့် သဘောတူထားတဲ့ပုံစံလုပ်ကာ သာသနာမြေကို အသုံးပြု၍ “မိသားစု စီးပွားရေး” သဖွယ် လုပ်ကိုင်စားသောက်နေကြသည်ဟုလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

အခြေအနေများ ပိုမိုဆိုးရွားလာသည့်အတွက် တိုင်းသံဃာ့နာယက ဆရာတော်ကြီးများထံ သွားရောက်လျှောက်ထား တိုင်ကြားခဲ့သော်လည်း “မိမိတို့ လုပ်ရပ်၏ အကျိုးဆက်ကို မိမိတို့ဘာသာ ခံစားရမည် (ကိုယ်ပြုသော ကံ ကိုယ်ထံ ပြန်လာမည်)” ဟုသာ မိန့်ကြားခဲ့ပြီး ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ အမျိုးသမီး၏ TikTok အကောင့်မှ ဗီဒီယိုအချို့ ပြန်လည်ဖျက်သိမ်းသွားခဲ့သော်လည်းအဆိုပါ ဘုန်းကြီးက အမျိုးသမီးထံ ဖုန်းဆက်၍ “အတူနေထိုင်ရန် ရန်ကုန်တွင် အိမ်ဝယ်ထားပြီးဖြစ်ကြောင်း၊ ဤအကြောင်းကို မည်သူ့ကိုမျှ မပြောပြရန်နှင့် ရန်ကုန်သို့ အတူတကွ သွားကြရန်” တိုင်ပင်ပြောဆိုထားသည့် ဖုန်းပြောအသံဖိုင် ပေါက်ကြားလာခဲ့သဖြင့် အကြောင်းစုံပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ် ။

ယခုလက်ရှိအချိန်မှာတော့ အဆိုပါ သံဃာတော်မှာ သင်္ကန်းဝတ်မှ လူထွက်သွားခဲ့ပြီး အဆိုပါ အမျိုးသမီးနှင့်ပင် အိမ်ထောင်ပြု ပေါင်းသင်းသွားပြီဖြစ်ကြောင်း ဒေသတွင်းမှ သတင်းများ ထပ်မံထွက်ပေါ်လာခဲ့သည်။



Leave a Reply