📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆေးသုံးပြီး မိခင်နို့တိုက်မှုကြောင့် (၃) ပတ်သား ကလေးငယ် T-ဆုံး

😢 မူးယစ်ဆေးသုံးပြီး မိခင်နို့တိုက်မှုကြောင့် (၃) ပတ်သား ကလေးငယ် သေဆုံး

အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်မှာ မက်သာဖက်တမင်း (methamphetamine / meth) မူးယစ်ဆေးသုံးထားတဲ့ မိခင်က (၃) ပတ်သား ကလေးကို နို့တိုက်ရာကနေ ကလေး သေဆုံးသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့က Trimbelle မြို့ရှိ နေအိမ်တစ်အိမ်မှာ (၃) ပတ်သာ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦး အသက်မရှူတော့ဘဲ တစ်ကိုယ်လုံး ဖြူဖျော့ပြီး နှုတ်ခမ်းနဲ့ နှာခေါင်းဝမှာ အမည်းအဖတ်တွေ ပေကျံနေကြောင်း သတင်းရရှိလို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာချိန်မှာ ကလေးငယ် သေဆုံးနေပြီ ဖြစ်ပါတယ်။ ထို့နောက် အလောင်းကို စစ်ဆေးမှုအရ ဒီကလေးငယ်ဟာ meth အဆိပ်တက်မှု (methamphetamine toxicity) ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ကလေးရဲ့ မိခင်ဖြစ်သူ အသက် (၂၃) နှစ်အရွယ် Jessie Lee Kittelson ဟာ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး မူးယစ်ဆေး သုံးစွဲခဲ့ပြီး ကလေး မသေဆုံးမီ (၃) ရက်အလိုမှာလည်း meth သုံးစွဲခဲ့ပြီး ကလေးကို နို့တိုက်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။

ဖခင်ဖြစ်သူ အသက် (၂၆) နှစ်အရွယ် Taylor Jae Olson ကလည်း သူတို့နှစ်ယောက် သုံးဖို့အတွက် မူးယစ်ဆေးဝါးတွေ ဝယ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့ ထွက်ဆိုချက်အရ သူမဟာ ဆေးသုံးပြီးနောက် (၄၈) နာရီကြာ နို့ရည်တွေကို ညှစ်ထုတ်စွန့်ပစ်ခဲ့ပြီး ယခင် သိမ်းဆည်းထားတဲ့ သန့်ရှင်းတဲ့ နို့ရည်ကိုသာ တိုက်ခဲ့တာလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါ့ပြင် မူးယစ်ဆေးဟာ မိခင်နို့ရည်ထဲမှာ ဘယ်လောက်ကြာကြာ ရှိနေလဲဆိုတာကို အင်တာနက်မှာ ရှာဖွေခဲ့ဖူးတယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ မိခင်နဲ့ ဖခင်ဖြစ်သူတို့ နှစ်ဦးစလုံးကို ပထမဒီကရီ ပေါ့ဆမှုကြောင့်ဖြစ်တဲ့ လူသတ်မှု၊ ကလေးသူငယ်ကို ရေရှည် ပစ်ပယ်ထားမှုကြောင့် သေဆုံးစေမှု၊ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုတို့နဲ့ တရားစွဲထားပါတယ်။

သူတို့ကို လာမယ့် စက်တင်ဘာလ (၂) ရက်နေ့မှာ ပထမဆုံးအကြိမ် တရားရုံးထုတ် ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်