ML အကောင့် Hack ခံလိုက်ရလို့ သင်္ဘောပေါ်ကနေ ပင်လယ်ထဲခုန်ချခဲ့တဲ့ ငနဲ

ML အကောင့် Hack ခံလိုက်ရလို့ သင်္ဘောပေါ်ကနေ ပင်လယ်ထဲခုန်ချခဲ့တဲ့ ဖိလစ်ပိုင်သား …

ဂိမ်းဆော့တဲ့သူတိုင်း သိကြတဲ့အတိုင်းပဲ ကိုယ်အရမ်းမြတ်နိုးရတဲ့ ဂိမ်းအကောင့်လေးတစ်ခု ပျောက်သွားတာ၊ Hack ခံလိုက်ရတာက တကယ့်ကို ရင်ကွဲပက်လက်ဖြစ်ရတဲ့ ခံစားချက်မျိုးပါ။

အထူးသဖြင့် နှစ်ချီပြီး အချိန်တွေ၊ ငွေတွေ ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်ဆိုရင် ပိုဆိုးတာပေါ့။

ဒီလိုခံစားချက်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသူကတော့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ သတင်းကြီးသွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် Akmal Urrijal ပဲဖြစ်ပါတယ်။

သူက ML ကို ၈ နှစ်တိုင်တိုင် ဆော့ခဲ့တဲ့ Player တစ်ယောက်ပါ။

ဒီ ၈ နှစ်တာ ကာလအတွင်းမှာသူ့အနေနဲ့ ဂိမ်းထဲကို Top up လုပ်ခဲ့တဲ့ ငွေပမာဏဟာဆိုရင်လည်း ၂ သန်းကျော်အထိ ရှိခဲ့ပါတယ်။

အဲ့ဒီလို သူ့ရဲ့ ဒီတန်ဖိုးထားရတဲ့ ML အကောင့်လေး Hack ခံလိုက်ရတယ်ပေါ့ ကိုယ့်ရဲ့ အချိန်တွေ၊ ငွေတွေနဲ့ သံယောဇဉ်တွေ အများကြီးပါနေတဲ့ အရာတစ်ခုကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ Akmal တစ်ယောက် စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားခဲ့ပုံပါပဲ။

ဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာပဲ သူက KMP Aceh Hebat 2 လို့ခေါ်တဲ့ သင်္ဘောပေါ်ကနေ ပင်လယ်ထဲကို ရုတ်တရက် ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့အထိ ကြိုးစားခဲ့ပါတယ်။

တကယ်ကို မထင်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်က လူတွေကိုလည်း အတော်လေး လန့်ဖျပ်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကို အချိန်မီ ကယ်တင်နိုင်ခဲ့လို့ အသက်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်သွားခဲ့ပါတယ် … 😆


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ