📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သူလှူသလိုလိုနဲ့ ကလေးတွေကို ကျွေးတုန်းကကျွေးပြီး လစ်ပြေးသွားတဲ့ မင်းအောင်လှိုင်

ကျောင်းတွင်း အာဟာရကျွေးသည့် ကုန်ကျစရိတ်ထုတ်မပေးသဖြင့် ဆရာများ အခက်ကြုံ

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ကျောင်းတွင်း အာဟာရကျွေးမွေးဖို့ ငွေကျပ် ၃ ဘီလီယံ ခွဲဝေပေးထားတယ်လို့ ပြောပေမဲ့ လက်တွေ့မြေပြင်မှာ ကုန်ကျစရိတ်ထုတ်မပေးလို့ ဆရာ၊ ဆရာမ တွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက်က နေပြည်တော် MICC 1 မှာ ပြုလုပ်တဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု (ဗဟိုအဆင့်) အခမ်းအနားမှာ စစ်အာဏာရှင် သမ္မတက “ကျောင်းတွင်း အာဟာရကျွေးမွေးရေး လုပ်ငန်းတွေအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပထမအကြိမ် ရန်ပုံငွေကျပ် ၃ ဘီလီယံနီးပါး ခွဲဝေချထားပေးခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ KG ကလေး တယောက် အာဟာရကျွေးမွေးရေးကုန်ကျစရိတ် ၁,၅၀၀ ကျပ်ကို မြိုနယ်ပညာရေးမှူးရုံးက ထုတ်မပေးလို့ ဒုက္ခရောက်နေကြောင်း လှိုင်သာယာမြို့ခံ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

“KG ကလေးတယောက်ကို ၁,၅၀၀ နဲ့ အဟာရကျွေးရတဲ့အလုပ်က အတော်လေးခက်ခဲတာ ကြက်ဥ တလုံး ၇၀၀ ၊ ဖီးကြမ်းတလုံး ၃၀၀ အဲ့မှာတင် ၁,၀၀၀ ကုန်တယ်ကျန်တဲ့ ၅၀၀ နဲ့ ဘာကျွေးမလဲ အာဟာရ ၅ မျိုးကျွေးရတာ သမ္မတက ၃ ဘီလီယံချထားပေးတယ်ပြောတယ် မြေပြင်မှာ ကျောင်းသားတယောက်ကုန်ကျစရိတ် ၁,၅၀၀ ကို အစီရင်ခံစာရေးပြီးတောင်းမှရတာ။”

ကျောင်းတိုင်းမှာ KG ကလေးငယ်တွေနဲ့ မူလတန်းကလေးတွေကို ၂ ပတ်တကြိမ် ၁ လ ၂ ကြိမ် အာဟာရကျွေးရပြီး ကုန်ကျစရိတ်ပြန်တောင်းယူပါက ငွေကြေးပြတ်တောက်မှုတွေရှိသလို အာဟာရ ကျွေးမွေးအစီအစဥ်ရဲ့ နောက်ဆက်တွဲကုန်ကျစရိတ်ကိုထုတ်မပေးဘူးလို့ ရွှေပြည်သာမြို့ခံ ပညာရေးဝန်ထမ်းက ပြောပါတယ်။

“ကျပ် ၁,၅၀၀ နဲ့ လောက်အောင် အာဟာရကျွေးရုံနဲ့မပြီးဘူး။ လှုပ်ရှားမှုဓာတ်ပုံတွေ ရိုက်ပြီး တင်ပေးရတယ်။ ဓာတ်ပုံရိုက်တဲ့ကုန်ကျစရိတ်နဲ့သွားလာတဲ့စရိတ်တွေ ကျောင်းကစိုက်ရတယ်။ ကုန်ကျစရိတ် ပြန်တောင်းရင် ၁,၅၀၀ အပြည့်မပေးဘူး ၁,၃၀၀ ပဲ ပေးတဲ့ပညာရေးမှူးရှိသလို တချို့မြို့နယ်တွေဆို ၁၂,၀၀ပဲပေးတာရှိတယ်၊ အဲ့ဒီပိုက်ဆံတောင် အစီရင်ခံ ၁၀ ရွက်လောက်ရေး တင်ပြီးမှပေးတာ ကျောင်းတွင်းငှက်ပျောပင်စိုက်ဖို့ ကုန်ထားတဲ့ပိုက်ဆံဆို အခုထိမပေးဘူး။”

မင်္ဂလာဒုံမြို့ခံ ပညာရေးဝန်ထမ်းတယောက်က “ကျောင်းတွင်းအာဟာရကျွေးတဲ့ အစီအစဥ်မှာ ဆရာမတွေကို ပိုက်ဆံစိုက်ခိုင်းတာ KG ကလေး ၉ ယောက် ၁၀ ယောက်ပဲရှိတဲ့ကျောင်းက ပြဿနာ မရှိပေမဲ့ ကလေးများတဲ့ ကျောင်းကျတော့အဆင်မပြေဘူး။ ဆရာမတွေ လခစား ဘယ်လိုလုပ် စိုက်နိုင်မှာလဲ။ နားလည်မှုရှိတဲ့ မိဘတွေကျတော့ တနေ့တာ အာဟာရကျွေးတဲ့အစီအစဥ်ကို လှူသွားရော “လို့ ပြောပါတယ်။

ကျောင်းတွင်းအာဟာရ ကျွေးမွေးတဲ့ အစီအစဥ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ကာ ကျန်းမာရေးဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်