📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောတွေ စ,လာပြီ

ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်နှင့်ကျန်းမာရေးဌာနက ယာယီ ပိတ်ခိုင်း

ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်က သန့်ရှင်းရေး ဂရုပြုကြရန်နှင့် လတ်တလော လမ်းဘေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများနှင့် ပရဟိတလူနာတင်အဖွဲ့တချို့က ပြောဆိုသည်။

ရန်ကုန်မြို့ လယ်ခေါင်ရှိ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ Down Town ပြင်ပရှိ အင်းစိန်နှင့်မရမ်းကုန်းမြို့နယ်တို့တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျော လူနာများ အများအပြားတွေ့ရှိလာရကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျောအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ပြီး လက်ခံ ကုသပေးလျက်ရှိကြောင်း ရေချမ်းဖြူ ပရဟိတလူနာတင်ယာဉ်အဖွဲ့ထံမှ သိရှိရသည်။

“ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆေးရုံပို့ရတာများလာတယ်။ ကပ်ရောဂါပုံစံမျိုးတော့မဟုတ်ဘူး။ ဒီရက်ပိုင်းမိုးများတာနဲ့ ယင်နားစာတွေ၊ လမ်းဘေးစာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ အထက်လှန်အောက်လျှောပေါ့။ ဝမ်းသွားတယ်။ အန်တယ်။ အဲဒီလူနာတွေ များလာတာ” ဟု အဆိုပါပရဟိတအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လတ်တလော စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ဝမ်းပျက်ဝမ်းလျှောနှင့် ပတ် သက်၍ ရန်ကုန်တိုင်းအတွင်း ပိုစတာနှင့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များကို သန့်ရှင်းရေး အထူးဂရုပြုကြရန်နှင့် တချို့သော အလွန်ညစ်ပတ်သည့် လမ်းဘေးဆိုင်များကို ယာယီပိတ်သိမ်းခိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လမ်းဘေး ခေါက်ဆွဲသုတ် ၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး ဆိုင်တွေ ရက်ပိုင်း ခဏ ပိတ်ဖို့တော့ လာပြောတယ်။ ကျန်းမာရေးဘက်က လိုက်စစ်ပြီးမှ ပြန်ဖွင့်ခိုင်းမယ်ပြောတယ်။ ဝမ်းပျက်ဝမ်းလျှော လူနာတွေတွေ့ရလို့ ပြောတယ်” ဟု အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီး လက်သုတ်စုံရောင်းချသော ပျံကျစျေးသည်တစ်ဦးက ရှင်းပြသည်။

လတ်တလော လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၀ ဦးထက်မနည်းတွေ့ရှိထားရပြီး ရောဂါဇစ်မြစ်များကို လသာမြို့နယ် စည်ပင်နှင့် မြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး

အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊

ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်သည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊

FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊

အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊

သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သတိပေးထားသည်။

ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်း မာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြလို့ ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံတွေမှာပါ လူနာများနေ

ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံတချို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးရုံတက်ကုသနေရသူအများအပြားရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးကုသနေရသူတွေများနေတာကြောင့် လူနာ ဧည့်သည့်လက်ခံမှု ရပ်ထားတယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ် ။ ဆေးရုံကြီးမှာ ဝမ်းပျက် လူနာအပြည့်ဘဲ ။ ဝန်ထမ်းတွေ အခန်းတွေရှင်းတာမနိုင်တေ့ာဘူး။ ဝမ်းပျက်ဝမ်းလျှောလူနာများလို့ လူနာ ဧည့်တွေလည်း လက်မခံဘူးသိရတယ်။” လို့ လူနာရှင်တယောက်က ပြောပါတယ်။

ဒါအပြင် ဆေးရုံကလူနာတွေကို ပြင်ပအလှူရှင်တွေက အာဟာရကျွေးမွေးလှူဒါန်းတဲ့ အစီအစဥ်ကိုလည်း လက်ရှိမှာ ဆေးရုံက ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော်က ၂၀ ရက်နေ့အာဟာရအလှူလုပ်ဖို့ booking လုပ်ထားတာပါ။ ရက်ချိန်းပြန်ယူရတော့မယ်ထင်တယ်။ ယာယီပိတ်ထားတယ်လို့ ဆေးရုံက ပြောပါတယ်။ ” လို့ ဆေးရုံကြီးက လူနာတွေကို အာဟာရကျွေးမွေးဖို့စီစဥ်ထားသူ တယောက်က ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး အပြင် ဗဟိုရ်စည်ဆေးရုံ ၊ ရွှေလမင်းဆေးရုံ ၊ အောင်ရတနာဆေးရုံ စတဲ့ ပုဂ္ဂလိက ဆေးရုံတချို့မှာလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လို့ ဆေးကုသနေရသူတွေ များနေတယ်လို့ သိရပါတယ်။

” ကျမက အစားမှားသွားတာပါ။ ဒီနေ့နဲ့ဆို ဆေးရုံတက်တာ သုံးရက်ရှိပြီ။ သက်သာလာပါပြီ။ ဒီနေ့ဆင်းရဖို့များပါတယ်။ လက္ခဏာတွေက ဆက်တိုက်အန်ပြီး ဝမ်းဆက်တိုက် အရည်တွေသွားတာပါ။ကျွန်မကအခန်းထဲမှာဆိုတော့ သေချာ မသိပေမယ့် အပြင်မှာ ( ဝမ်းပျက်ဝမ်းလျှော) ဖြစ်နေတယ် ကြားပါတယ်။ ” လို့ ဝမ်းပျက်ဝမ်းလျှောနဲ့ အောင်ရတနာဆေးရုံမှာ တက်ရောက်နေသူ တယောက်က ပြောပါတယ်။

မနေ့က ဩဂုတ် ၁၁ ရက်နေ့က လမ်းမတော် ၊ လသာမြို့နယ်တွေကတင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံတက်ကုသမှုခံယူရသူ ၄၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စမ်းချောင်းမြို့နယ် ၊ သာကေတမြို့နယ် တွေအပြင် ကျန်တဲ့မြို့နယ်တချို့မှာပါ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ဝမ်းရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းသောရေနဲ့ အစားအစာတွေကို စားသောက်မိရာမှတဆင့်ကူးစက်ဖြစ်ပွားခြင်းဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနဲ့ မိုးအကုန်ဆောင်းအကူးမှာ အဖြစ်များကြောင်း ရောဂါလက္ခဏာတွေက အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊ အရေပြားရဲ့ကျုံ့ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာမစားမီ နဲ့ အစားအစာမပြင်ဆင်မီအချိန် ၊ အညစ်အကြေးနဲ့ အမှိုက် ကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တိုင်း.လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ စနစ်တကျ ဆေးကြောဖို့ လိုအပ်ပါတယ်။

တကိုယ်ရေသန့်ရှင်းဖို့နဲ့ ၊ ရေကိုကျိုချက်သောက်သုံးခြင်း ၊ အစားအစာကို ကျက်အောင်ချက်ပြီးမှစားသုံးခြင်း ၊ အစားအစာကို ယင်မနားအောင် လုံခြုံစွာ ဖုံးအုပ်ထားခြင်း ၊ခြင် နဲ့ယင် မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ဖို့လိုသလို ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲဖို့ လိုအပ်ပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကြောင်း သံသယရှိပါက အချိန်မီကုသမှုခံယူရန် နီးစပ်ရာကျန်းမာရေးဌာန နဲ့ ပြည်သူ့ဆေးရုံတွေကို သွားရောက်ပြသဖို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ရန်ကုန်တွင် ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားခဲ့၍ ကျန်းမာရေးဌာနက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်