📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဂူတွေ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေရပြီ

တာမွေအစ္စလာမ်သင်္ချိုင်းထဲက မြေနေရာအချို့ ဂေါပကနဲ့ မြေနေရာအလှူရှင်မိသားစု အငြင်းပွားမှုတကျော့ပြန်ဖြစ်

အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နဲ့ ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားတဲ့ တာမွေအစ္စလာမ်ဘာသာဝင်သင်္ချိုင်းထဲက မြေ‌နေရာအချို့နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုအငြင်းပွားတဲ့ပြဿနာ တ‌ကျော့ပြန် ပြန်ဖြစ်လာတယ်လို့ အခြေအနေကို သိထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

သင်္ချိုင်းဂေါပကအဖွဲ့ ကတေ့ာ မြေနေရာ ဝယ်ယူထားသူဘက်ကို တရားရုံးကဖြေရှင်းတဲ့နည်းလမ်းနဲ့ပဲ ဆောင်ရွက်မယ်လို့ ‌ပြောပါတယ်။

“အခု သူတို့ ကို ပြန်တရားစွဲဖို့ စီစဉ်နေပြီ။ ရာဇဝတ်မှုနဲ့စွဲရမှာပေါ့။ တရားစွဲဆိုရမယ့်သူတွေကတော့ ဒီဂရီယူထားတဲ့ ၁၅ ယောက် အဖွဲ့ကို စွဲမယ်။ ဝယ်တဲ့သူလည်း ပါလာတဲ့အတွက် သူ့ကိုပါစွဲရတော့မှာပေါ့” လို့ ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဂေါပကအဖွဲ့တာဝန်ရှိသူရဲ့ အပြောအရ တရားရုံးမှာ အပြီးသတ်ဒီဂရီယူခဲ့သူတွေနဲ့ ဒီမြေယာကို ဝယ်ယူခဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

အဲဒီမြေနေရာဟာ ၁၇ ဧက ကျယ်ဝန်းပြီး အခု အငြင်းပွားနေတာဟာ ၉ ဧက ကျယ်တဲ့ မြေကွက်နေရာဖြစ်တယ်လို့ နားလည်ရပါတယ်။

အခု အငြင်းပွားနေတဲ့ မြေနေရာဟာ အလှူရှင်က သင်္ချိုင်းမြေအဖြစ် အသုံးပြုဖို့ ၁၉၂၁ ခုနှစ်မှာ စာချုပ်တစ်ခုထဲ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာမှာ အဲဒီ မြေကွက်အမည်ပေါက်နေတဲ့ အဘိုးဖြစ်သူရဲ့ နာမည်ကို မြေး၊ မြစ် တော်စပ်သူတွေက ဒီမြေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေသူလည်းဖြစ်သလို အမွေဆက်ခံပိုင်ခွင့်ရှိတယ်ဆိုပြီး တရားရုံးမှာ ၂၀၁၃ ခုနှစ်က အပြီးသတ်ဒီဂရီ ယူခဲ့တာလို့ ဂေါပက အဖွဲ့က ပြောပါတယ်။

နောက်ပိုင်းမှာ အလှူရှင်နဲ့ မြေး၊ မြစ်တော်စပ်သူတွေက ဒီမြေကို တခြားတစ်ယောက်ထံ ရောင်းချခဲ့ပြီး အခုဆို သင်္ချိုင်းမြေကို ရှင်းလင်းမှုတွေပြုလုပ်နေတာလို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ဂေါပကဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုမေးမြန်းနိုင်ဖို့ ဘီဘီစီအနေနဲ့ မူလမြေ‌နေရာပိုင်ရှင်ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်‌ဖို့ ကြိုးစား‌နေပါတယ်။

၂၀၁၃ ခုနှစ်က အပြီးသတ်ဒီဂရီယူလိုက်တာကို ဂေါပကအဖွဲ့က ၂၀၁၄ ခုနှစ် သတင်းစာထဲမှာ ကြေညာတော့ မှ သိရှိခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီအမှုဟာ ရှေ့နေချုပ်ရုံး ရဲ့ ခွင့်ပြုမိန့်မပါလို့ဆိုပြီး ပယ်ချခံခဲ့ရတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

အခုတကြိမ်မှာတေ့ာ ဂေါပကအဖွဲ့က ရှေ့နေချုပ်ရုံး ရဲ့ ခွင့်ပြုမိန့်ရဖို့ ကြိုးစားနေပြီး နေပြည်တော်ကိုလည်း တိုင်စာပေးပို့သွားမယ်လို့ပြောပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်