📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆက်တိုက်တိုးလာလို့ ရန်ကုန်ဆေးရုံကြီး လူနာဆောင် သီးသန့် ခွဲထားရပြီ

ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာ သီးသန့်ဆောင် ဖွင့်လှစ်ကုသ၊ လူနာ ဆက်များလာ နိုင်ဟုဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာများကို သီးသန့်ခွဲထားသော ယာယီ ကုသ ဆောင်ဖွင့်လှစ်ထားကြောင်း သိရသည်။

လမ်းမတော်နှင့်လသာမြို့နယ်တို့မှ ဝမ်းပျက်ဝမ်းလျှောလူနာ ၁၀၀ကျော်ကို ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးတွင် အရေးပေါ်ကုသပေးလျက်ရှိပြီး လူနာ ဆက်လက်များပြားလာနိုင်၍ သီးသန့်ခွဲထား သော GE case Tent ယာယီကုသဆောင်ဖွင့်ရန် ချက်ချင်းဆောင်ရွက်နေကြောင်း ရန်ကုန်အခြေစိုက် ကြီး လေးကြီးလူမှုကူညီရေးအသင်းက ယနေ့(ဩဂုတ်၁၂ရက်)သတင်းထုတ်ပြန်သည်။

“၁၀၀ ကျော်ဆိုတာ များတယ်လို့ ထင်တယ်။ ဒါပေမဲ့၊ စစ်ကောင်စီဌာနတွေက ဘာမလုပ်ရ၊ ညာမလုပ်ရ ဆိုပြီး ပိတ်ပင်တာမျိုးတွေ မကြားရသေးဘူး”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးက ပြောသည်။

ယင်းရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းမှာ ရေပိုက်လိုင်းများအတွင်း ညစ်ညမ်းမှုဟု လတ်တ လောသုံးသပ်ထားသောကြောင့် လသာနှင့် လမ်းမတော်မြို့နယ်ရှိ သောက်သုံးရေလိုင်း အားလုံးကို အရေးပေါ်စစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ရန် သက်ဆိုင်ရာဌာနများသို့ တောင်းဆိုကြောင်း ကြီးလေး ကြီးက ဆိုသည်။

ထို့အပြင် ရောဂါပျံ့နှံ့မှုပုံစံ၊ စားသောက်ကုန် ထောက်ပံ့မှုကွင်းဆက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက် များကိုပါ ဆက်လက်သုတေသနပြု ဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထား ကြောင်းလည်း ဆိုသည်။

“ကျနော်တို့အလုပ်ထဲမှာတော့ ဒီနေ့ပဲ ကိုယ့်အိမ်ကနေကိုယ် ထမင်းဟင်းထည့်ခဲ့ဖို့နဲ့ အပြင်စာ ဘာဆို ဘာမှ ထွက်မစားဖို့ ထုတ်ပြန်လိုက်တာ ရှိတယ်”ဟု ကျောက်တံတားမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ် ဦးက ပြောသည်။

ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရန်၊

အစာမ စားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောရန်၊

ပြုတ်ကျိုထားသော ရေ သို့မဟုတ် တံဆိပ်ခတ်သန့်စင်ရေကိုသာ သောက်သုံးရန်၊

အစားအစာများကို ကျက်အောင် ချက်ပြုတ် စားသုံးရန်၊

ဝမ်းလျှောခြင်း၊ အန်ခြင်းစသော ရောဂါလက္ခဏာများ ခံစားရပါက အိမ်တွင်မနေဘဲ နီးစပ် ရာဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းပြသရန်၊

ရေခဲ၊ အသုတ်၊ လမ်းဘေးတွင် ရောင်းချသော အစိမ်းလိုက်အစားအစာများကို လုံးဝရှောင်ကြဉ်ရန်နှင့်

မသေချာ မသန့်သော စားသောက်ဆိုင်များတွင် မစားကြရန် ကြီးလေးကြီးက ထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်