ချမ်းအေးသာစံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးအား စစ်မှုထမ်းပြန်လာသူက ဓားဖြင့်ထိုးမှုဖြစ်ပွား
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးအား စစ်မှုထမ်းပြန်လာသူက ဓားဖြင့်ထိုးမှု သြဂုတ် ၁၁ ရက် ည ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ည၇နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇လမ်းနှင့်၂၈ လမ်းကြားတွင်နေထိုင်ပြီး အကွက်မှူးတာဝန်ထမ်းဆောင်သူ အသက်၆၃နှစ်အရွယ် ဦးနိုင်ဝင်းသည် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ် ၊ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂) မှ ပြန်လာသူ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဓါးဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့ရာ ဦးနိုင်ဝင်းတွင် နောက်ကျောထိုးသွင်းဒဏ် ရာ ၁ ချက်၊ လက်ဝဲဂျိုင်းအောက်ထိုးသွင်းဒဏ် ရာ ၁ ချက်၊ လက်ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ဝဲလက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာဘက်ရင်ဘက်ပြက်ရှဒဏ်ရာ ၁ ချက်တို့အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဓါးထိုးမှုဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ဦးနိုင်ဝင်းအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးလျှက်ရှိကြောင်းနှင့် ဖြစ်စဉ်မှတရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူအား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။



Leave a Reply