ရခိုင်ပြည်က တရုတ်စီမံကိန်းများ ရှိရာ ဗျူဟာမြောက် တောင်မော်ဦး ရေတပ်စခန်းကို AA သိမ်းပိုက်
ရခိုင်ပြည်နယ်အတွင်းက ဗျူဟာမြောက် ရှေ့တန်းခံစစ်စခန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကြားရှိ “တောင်မော်ဦးရေတပ်စခန်း” ကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေး သတင်းရင်းမြစ်က သိရပါတယ်။

လပေါင်းများစွာ ကြာမြင့်လာခဲ့သည် တောင်မော်ဦး ရေတပ်စခန်း စစ်ရေးတင်းမာမှုအပြီးမှာ အဆိုပါ ဗျူဟာမြောက်စခန်း ကျဆုံးသွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
ရှေ့တန်းခံစစ် တံတိုင်းကျဆုံးခြင်း အဆိုပါစခန်းဟာ ကျောက်ဖြူရှိ အကြီးဆုံး “ဓညဝတီရေတပ်ဌာနချုပ်” အတွက် အဓိက ခံစစ်တံတိုင်းဖြစ်သလို ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်းကိုပါ စိုးမိုးထားနိုင်တဲ့ စခန်းဖြစ်ပါတယ်။

စီးပွားရေးစီမံကိန်းများအပေါ် လွှမ်းမိုးမှု တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် စီမံကိန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မဒေးကျွန်း ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတို့ကို AA အနေနဲ့ ရေကြောင်းအရပါ အပြည့်အဝ လွှမ်းမိုးထိန်းချုပ်နိုင်မယ့် အခြေအနေ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ရေတပ်စခန်းအနီးက စနဲမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

ယခု ရေတပ်စခန်း ကျဆုံးမှုဟာ ရခိုင်တောင်ပိုင်းရှိ စစ်ကောင်စီတပ်တွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြင်းထန်စွာ ရိုက်ခတ်သွားနိုင်ကြောင်း စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
တောင်မော်ဦး ရေတပ် စခန်းသိမ်းကိစ္စနဲ ပတ်သက်လို AA ဘက်ကတော တစ်စုံတရာ သတင်း ထုတ်ပြန်တာတော မတွေ့ရသေးပါဘူး။



Leave a Reply