ကားလော့ချချိန် တံခါးလက်ကိုင်ကို အသာလေး ခိုး,မ ပြီး သိန်း (၆၀၀) ကို ယူသွားတဲ့ တရားခံ နောက်ဆုံးတော့ သက်သေခံငွေတွေနဲ့အတူ ဖမ်းမိပြီ
မိမိကားကို ရီမု (Remote) နဲ့ လော့ချလိုက်ရုံနဲ့ လုံခြုံပြီလို့ ထင်နေရင်တော့ ဒီဖြစ်စဉ်လေးက သင့်အတွက် အထူးသတိထားစရာပါပဲ။
ကားလော့ချတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ရိုးရှင်းပေမယ့် ကြောက်စရာကောင်းတဲ့ နည်းလမ်းနဲ့ ငွေသိန်း ၆၀၀ ကို မျက်စိတစ်မှိတ်အတွင်း ယူဆောင်သွားတဲ့ ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဖြစ်စဉ်အစနဲ့ ၆ မိနစ်အတွင်း ပျောက်ကွယ်သွားတဲ့ သိန်း ၆၀၀
ပြီးခဲ့တဲ့ ဩဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်လောက်က ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီးမှာ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ MAB ဘဏ်ထဲကို ငွေအပ်ဖို့ သူမရဲ့ YGN 8F-…. Nissan March အဖြူရောင် ကားလေးကို လမ်းဘေးမှာ ရပ်တန့်ခဲ့ပါတယ်။
ကားနောက်ခန်းမှာ ငွေကျပ် သိန်း ၆၀၀ ကို ထားခဲ့ပြီး ရီမုနဲ့ ကားလော့ချကာ ဘဏ်ထဲကို (၆) မိနစ်လောက်သာ ဝင်သွားခဲ့တာပါ။
ပြန်ထွက်လာပြီး ကားတံခါးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ နောက်ခန်းမှာထားခဲ့တဲ့ သိန်း ၆၀၀ ဟာ အစအနမကျန် ပျောက်ဆုံးနေခဲ့ပါပြီ။

တရားခံ အသုံးပြုသွားတဲ့ ကြက်သီးထစရာ နည်းလမ်း
ဒီလောက် မြန်ဆန်တဲ့ အချိန်အတွင်းမှာ ကားမှန်လည်းမကွဲဘဲ ဘယ်လို ခိုးယူသွားတာလဲ?
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ တရားခံဖြစ်သူ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈ နှစ်) ရဲ့ ထွက်ဆိုချက်က ကားသမားတိုင်းကို လန့်သွားစေပါတယ်။
အမျိုးသမီး ကားပေါ်ကဆင်းပြီး ရီမုနဲ့ ကားလော့ချမယ့် အချိန်ကို သူက အနီးကနေ စောင့်ကြည့်နေခဲ့တာပါ။
လော့ခလုတ်ကို နှိပ်လိုက်တဲ့ အချိန်မှာပဲ သူက ကားရဲ့ ဘယ်ဘက် အနောက်တံခါး လက်ကိုင်ခွက်ကို အသာလေး ဆွဲပြီး မ,ထားလိုက်ပါတယ်။

ဒီလိုလုပ်လိုက်တဲ့အတွက် ကားတစ်ခုလုံး လော့ကျသွားတယ်လို့ ထင်ရပေမယ့်၊ သူ မ,ထားတဲ့ အနောက်တံခါးကတော့ လော့မကျဘဲ ပွင့်နေခဲ့ပါတယ်။
ယာဉ်ပိုင်ရှင် အမျိုးသမီး ဘဏ်ထဲဝင်သွားတာနဲ့ တစ်ပြိုင်နက် ပွင့်နေတဲ့ တံခါးကနေ ဝင်ပြီး ငွေသိန်း ၆၀၀ ကို အေးအေးဆေးဆေး ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ဆုံးတော့ ဂွင်လုံးကျွတ်ပြီ
ဒီလို ဉာဏ်နီဉာဏ်နက်သုံးပြီး ခိုးယူသွားပေမယ့်လည်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အပူတပြင်း စုံစမ်းမှုတွေကြောင့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှာတော့ တရားခံကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ အင်းကုန်းကျေးရွာ နေအိမ်အနီးမှာ ငွေကျပ် သိန်း (၁၄၀) နဲ့အတူ ပက်ပင်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၁၁) ရက်နေ့မှာတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်က နေအိမ်တွေမှာ ဖွက်ထားတဲ့ ငွေကျပ် သိန်း (၂၀၀) နဲ့ ခိုးရာပါငွေနဲ့ ဝယ်ထားတဲ့ ရွှေလက်စွပ် (၂) ကွင်းကိုပါ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။
စုစုပေါင်း ငွေကျပ် သိန်း (၃၄၀) နဲ့ ရွှေလက်စွပ် (၂) ကွင်းကို ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး တရားခံကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေပါတယ်။
ဒါကြောင့် ကားပိုင်ရှင်တွေ အနေနဲ့ ရီမုနဲ့ လော့ချပြီးတိုင်း စိတ်မချဘဲ ကားတံခါး လက်ကိုင်တွေကို ကိုယ်တိုင် ပြန်လည် ဆွဲကြည့်ပြီးမှသာ သွားလာကြဖို့ သတိပေး တင်ဆက်လိုက်ရပါတယ်။
ကမာရွတ်၌ ရပ်ထားသည့်ယာဉ်ပေါ်မှ ကျပ်သိန်း ၆၀၀ ခိုးသူကို ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ MAB ဘဏ်အနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်ပေါ်ကနေ ငွေကျပ်သိန်း ၆၀၀ ခိုးယူသူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဩဂုတ်လ ၅ ရက်၊ နေ့လယ်ပိုင်းက လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ယောက်ဟာ Nissan March မော်တော်ယာဉ်နဲ့ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီးကို ရောက်ရှိလာပြီး ကားကိုလော့ချကာ ဘဏ်ထဲကို ငွေအပ်နှံဖို့ သွားရောက်စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မော်တော်ယာဉ်ဆီ ပြန်လည်ထွက်ခွာလာပြီး စစ်ဆေးရာ မော်တော်ယာဉ်အနောက်ခန်းမှာ ထားရှိခဲ့တဲ့ ငွေကျပ်သိန်း ၆၀၀ ပျောက်ဆုံးနေတာကို တွေ့ရှိရတဲ့အတွက် ခိုးယူသူကို ဖော်ထုတ်အရေးယူပေးဖို့ တိုင်တန်းချက် အရ ကမာရွတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ပြီး စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
ခိုးမှုကျူးလွန်သူဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်နေ ဇော်လတ်(ခေါ်) အောင်ဇော်လတ်ကို ဩဂုတ်လ ၉ ရက်၊ ညပိုင်းမှာ သူရဲ့ နေအိမ်မှာ ခိုးယူရာကနေရရှိတဲ့ ငွေကျပ်သိန်း ၁၄၀ နဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်တဲ့နေ့က ယာဉ်ပိုင်ရှင် အမျိုးသမီးဟာ ကားပေါ်ကဆင်းပြီး လော့ချ နေစဉ် မော်တော်ယာဉ်ဝဲဘက်အနောက်တံခါး လက်ကိုင်ကွင်းကို လော့ချမရအောင် မတင်ထားခဲ့ကြောင်း၊ အဲဒီနောက် ယာဉ်ပိုင်ရှင်အမျိုးသမီးဟာ ဘဏ်ထဲကို သွားရောက်နေစဉ် ယာဉ်နောက်ခန်းရှိ ငွေကျပ် သိန်း ၆၀၀ ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီနောက် သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ဖို့ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်မှာ ခိုးယူထားတဲ့ ငွေတွေထဲကနေ ဝယ်ယူထားတဲ့ ရွှေလက်စွပ် ၂ ကွင်းနဲ့ ငွေကျပ် သိန်း ၁၀၀ ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ နေအိမ်မှာ သိမ်းဆည်းရမိခဲ့ပြီး နောက်ထပ် ကျပ်သိန်း ၁၀၀ ကို ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှာ ကျူးလွန်သူ ဇော်လတ်(ခေါ်)အောင်ဇော်လတ်ကို သက်သေခံပစ္စည်း ရွှေလက်စွပ် ၂ ကွင်း၊ ငွေကျပ် သိန်း ၃၄၀ နဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိထားပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
MAB ဘဏ်ရှေ့မှာ ကားပေါ်က ငွေကျပ်သိန်း ၆၀၀ ခိုးယူသူ ဖမ်းမိ၊ ခိုးယူသူမှာ ပိုက်ဆံကို ရွှေအဖြစ်ပါ ပြောင်းထား
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်က MAB ဘဏ်ရှေ့မှာ ရပ်ထားတဲ့ကားထဲက ငွေကျပ်သိန်း ၆၀၀ ခိုးယူသွားသူကို ခိုးရာပါငွေနဲ့ ရွှေလက်စွပ် ၂ ကွင်းတို့နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။
ဩဂုတ် ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာပါ။ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ Nissan March ကားနဲ့ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က MAB ဘဏ်အနီးကို ရောက်လာပြီး ကားကို ရပ်ထားကာ ဘဏ်အတွင်း ငွေအပ်နှံဖို့ သွားရောက်စုံစမ်းခဲ့ပါတယ်။
ဘဏ်ထဲမှာ ၆ မိနစ်လောက်ကြာပြီးနောက် ကားဆီပြန်လာတဲ့အချိန် နောက်ခန်းမှာ ထည့်ထားတဲ့ ငွေကျပ်သိန်း ၆၀၀ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တာကြောင့် ကမာရွတ်မြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
တိုင်ကြားချက်အပေါ် အမှုဖွင့်စုံစမ်းခဲ့ရာ ခိုးယူသူဟာ ဟင်္သာတမြို့နယ်၊ အုန်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ဇော်လတ် (ခ) အောင်ဇော်လတ်၊ အသက် ၃၈ နှစ် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ဩဂုတ် ၉ ရက် ညပိုင်းမှာ ၎င်းရဲ့နေအိမ်အနီးကနေ ခိုးယူထားတဲ့ ငွေကျပ်သိန်း ၁၄၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးမေးမြန်းရာမှာ ဇော်လတ်က ကားပိုင်ရှင် အမျိုးသမီး ဘဏ်ထဲဝင်သွားချိန်မှာ ကားနောက်ဘက် ဘယ်ဘက်တံခါးလက်ကိုင်ကွင်းကို လော့ချလို့မရအောင် ကြိုတင်ပြုလုပ်ထားပြီး နောက်ခန်းထဲက ငွေကျပ်သိန်း ၆၀၀ ကို ယူဆောင်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
ဆက်လက်စစ်ဆေးရာမှာ ခိုးယူထားတဲ့ငွေထဲက ဝယ်ယူထားတဲ့ ရွှေလက်စွပ် ၂ ကွင်းနဲ့ ငွေကျပ်သိန်း ၁၀၀ ကို ဆိမ့်ကြီးခနောင်တိုမြို့နယ်၊ ဆိမ့်ကြီးအရှေ့ရပ်ကွက်က နေအိမ်တစ်အိမ်မှာ သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ထပ် ငွေကျပ်သိန်း ၁၀၀ ကိုလည်း အမှတ် (၅) ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိမှာတော့ ဇော်လတ် (ခ) အောင်ဇော်လတ်ကို သက်သေခံ ရွှေလက်စွပ် ၂ ကွင်းနဲ့ ငွေကျပ်သိန်း ၃၄၀ တို့နဲ့အတူ ဖမ်းဆီးထားပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



Leave a Reply