📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ်

၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မိမိအား မတရား ပေါ်တာဆွဲဖမ်းဆီးကာ အကြမ်းဖက်စစ်တပ်အတွင်းသို့ ပို့ဆောင်ခဲ့သည့် အကွက်မှူး (ရာအိမ်မှူး) ဆိုသူအား

စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ရဲရဲရင့်ရင့်ဖြင့် ပြန်လည်လက်စားချေ ဓားထိုးမှုတစ်ရပ် ဩဂုတ်လ ၁၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက် ည ၇ နာရီခန့်က ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အသက် ၆၃ နှစ်အရွယ် အကွက်မှူး ဦးနိုင်ဝင်း ထိုင်နေစဉ် စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လာသည့် အဆိုပါအမျိုးသားက ဓားဖြင့် ဝင်ရောက်ထိုးခုတ်ခဲ့ခြင်းဖြစ်သည်။

“စစ်မှုထမ်းခေါ်ခံရတယ်ဆိုတာ သေတွင်း ပို့ခံရသလိုပဲ။ ဂျပန်ခေတ်က ချွေးတပ်ဆွဲခံရတာနဲ့ တူတူပဲ။ အိမ်ပြန်ရောက်ဖို့ အင်မတန်ခက်တယ်။ သူဘာတွေ ကြုံခဲ့လဲဆိုတာ တွေးကြည့်ရုံနဲ့တောင် မသိနိုင်ဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အကွက်မှူး ဦးနိုင်ဝင်းတွင် နောက်ကျော၊ လက်ဝဲဂျိုင်းအောက်၊ လက်ဝဲရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများအပြင် လက်ဝဲလက်မောင်းနှင့် ညာဘက်ရင်ဘတ်တို့၌လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသထားရသည်။

ဓားဖြင့် ထိုးခုတ်ခဲ့သည့် အမျိုးသားအား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၈) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် စစ်အင်အားပြုန်းတီးမှုကို ကာမိစေရန်အတွက် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ လူငယ်များကို လမ်းမပေါ်မှအပြင်၊ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်နှင့် အိမ်တိုင်ရာရောက် ပေါ်တာဆွဲ အတင်းအဓမ္မ ဖမ်းဆီးမှုများကို ဆက်တိုက်ဆိုသလို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

အထူးသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/အကွက်မှူးအချို့သည် စစ်တပ်နှင့် ပူးပေါင်းကာ လူငယ်များ၏ အချက်အလက်များကို ပေးပို့ခြင်း၊ မဲနှိုက်ပွဲများပြုလုပ်၍ ငွေညှစ်ခြင်းနှင့် စစ်တပ်အတွက် ပေါ်တာဆွဲပေးခြင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ထိုသို့ မတရား ပေါ်တာဆွဲခံခဲ့ရသည့် အမျိုးသားတစ်ဦးက မိမိအား အကြမ်းဖက်စစ်တပ်ထဲရောက်အောင် ပို့ဆောင်ခဲ့သည့် အကွက်မှူးဆိုသူကို ပြန်လည်လွတ်မြောက်လာချိန်တွင် သက်စွန့်ဆံဖျား သွားရောက်လက်စားချေခဲ့ခြင်းဖြစ်ပြီး

ပြည်သူများအပေါ် မတရား ဖိနှိပ်နေသည့် ရပ်ကွက်ဒေါက်တိုင်များ၏ အပြုအမူကြောင့် ဖြစ်ပေါ်လာရသည့် တုံ့ပြန်မှုတစ်ရပ်လည်း ဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်