📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

CDF-KKG ရဲ့ တာဝန်ခံ အပါအဝင် ၃ ဦး လုပ်ကြံသးT-တ်ဖြ/-တ်ခံရမှု

ဂန့်ဂေါတွင် CDF-KKG တပ်ရင်း ၆ တာဝန်ခံ အပါအဝင် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-KKG တပ်ရင်း ၆ ရဲ့ ဥက္ကဋ္ဌ ကိုဘဖြိုးအပါအဝင် ၃ ယောက်ဟာ ဩဂုတ် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ည ၁၁ နာရီကျော်လောက်မှာ CDF-KKG တပ်ရင်း ၆ ရဲ့ ဥက္ကဋ္ဌ ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းရွာက အမျိုးသား တယောက်တို့ စုစုပေါင်း ၃ ယောက်ဟာ ဂန့်ဂေါတောင်ပိုင်း ပိတောက်ကုန်းရွာနဲ့ ရှုံးရှီရွာကြားက ရာဇုမုနိဘုရားလမ်းဆင်းမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ချောင်းမြောင်းလုပ်ကြံပစ်ခတ်တာခံရလို့ ၃ ယောက်လုံးကျဆုံး သွားပါတယ်။ ဘဖြိုးရဲ့ ဖုန်းနဲ့ပစ္စတိုလည်း ပစ်ခတ်တဲ့အဖွဲ့ဘက်ကယူသွားပါတယ်” လို့ ပြောပါတယ်။

သြဂုတ် ၁၂ ရက် နေ့လယ်ပိုင်းမှာ ကိုဘဖြိုးနဲ့ Local လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Black Dragon Force က ရဲဘော်တွေကြား ကျေးရွာတွေကို စည်းရုံးရေးဆင်းတာနဲ့ပတ်သက်ပြီး စကား အချေအတင် ဖြစ်ကြရာက ညပိုင်းမှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့တာလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တွေဆီကသိရတာကြောင့် Black Dragon Force ဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သြဂုတ် ၁၃ ရက် ညနေပိုင်းအထိ ပြန်ဖြေကြားတာမရှိသေးပါဘူး။

Black Dragon Force ကို ဦးဆောင်သူ ချမ်းငြိမ်းအောင် အပါအဝင် တပ်ဖွဲ့ဝင်တချို့ဟာ သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းမှာ လက်နက် ၇ လက်နဲ့အတူ စစ်အာဏာရှင်တပ် လက်အောက်ခံ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ ထဲကို ပူးပေါင်းသွားလို့ ယောဒေသမှာရှိကြတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးအင်အားစုတွေ ဘက်က သတိပေးထားပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး CDF-KKG ဘက်ကတော့ စုံစမ်းစစ်ဆေးသွားမယ်လို့ သြဂုတ် ၁၃ ရက် ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ​တပ်တွေဟာ ဂန့်ဂေါမြို့ပေါ်မှာသာ စိုးမိုးထားနိုင်ပြီး ဂန့်ဂေါမြို့ရဲ့ တောင်ဘက် ၅ မိုင်အကွာဝန်းကျင်မှာရှိတဲ့ အခုအခင်းဖြစ်ပွားရာနေရာကတော့ စစ်အာဏာရှင်တွေ ဘက်က အထိုင်ချသွားလာတာတွေ လုံးဝမရှိဘူးလို့ သိရပါတယ်။

ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အခုဖြစ်စဥ်ဖြစ်တဲ့နေရာက တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာပါ။ ဘယ်အဖွဲ့အစည်းရဲ့စိုးမိုးနယ်မြေဆိုတာတော့ သီးခြား သတ်မှတ် ထားတာ မရှိပါဘူး။ ဖြစ်သွားတဲ့အခြေအနေက​လည်း ဘယ်လက်နက်ကိုင် အဖွဲ့ဘက်က ချောင်းမြောင်း ပစ်ခတ်တာလည်းဆိုတာတော့ အသေးစိတ်စုံစမ်းနေကြပါတယ်။ စုံစမ်းမှု မပြီး သေးခင်မှာတော့ ဘယ်အဖွဲ့ဘက်က ကျူးလွန်ခဲ့ပါတယ်ဆိုတာ ပြောပြလို့မဖြစ်နိုင် သေးပါဘူး” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ မတ် ၂၂ ရက်က တကြိမ်နဲ့ အခုအကြိမ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တွေကျဆုံးခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း တော်လှန်ရေးလက်နက်ကိုင်အချင်းချင်း ပွတ်တိုက်မှုတွေ ထပ်မံမဖြစ်ပေါ်လာစေရေးအပြင် အခုလိုဖြစ်စဥ်မျိုးတွေဖြစ်ပေါ်လာရင်လည်း သေချာ ထိရောက်တဲ့ဖြေရှင်းနည်းတွေနဲ့ စနစ်တကျဖြေရှင်းသင့်တယ်လို့ ဒေသခံ တော်လှန်ရေးသမားတယောက်က တိုက်တွန်းပါတယ်။

မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ဘုံရည်မှန်းချက် တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား လက်နက်အားကိုးအကြမ်းဖက်သတ်ဖြတ်တာ တွေကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်တာ ရဲထွန်းဇော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်