📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေကြီးစဉ် အိမ်စောင့်ကျန်ခဲ့ကြတဲ့ သက်ကြီးရွယ်အိုများ

မြင်းမူတွင် ရေကြီးစဉ် အိမ်စောင့်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် ရိက္ခာပို့ဆောင်ရန် အခက်အခဲဖြစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ မလုံလောက်မှုကြောင့် သက်ကြီးရွယ်အို အချို့မှာ ရေဘေးလွတ်ရာသို့ လိုက်ပါခြင်းမရှိဘဲ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ အိမ်ထောင်စု ၃,၀၀၀ နီးပါးမှ လူဦးရေ ၁၅,၀၀၀ နီးပါး ရေဘေးသင့်နေကြောင်း သိရသည်။

“အဖိုးအဖွား အရွယ်တွေ ကျန်ခဲ့တာပါ။ ကယ်ဆယ်ရေးလှေ မလောက်တာရောကြောင့် သူတို့က အိမ်စောင့်နေမယ်ဆိုပြီး နေခဲ့ကြတာပေါ့။ အခက်အခဲကတော့ အခု ရေစီးကြမ်းနေတဲ့ နေရာတွေမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေအတွက် ရိက္ခာ ပို့ပေးနိုင်ဖို့ ခက်ခဲနေတာပါ။ ကျန်ခဲ့တဲ့ ဦးရေတော့ မမှတ်နိုင်ခဲ့ပါဘူး၊ ရေစီးသန်နေတော့ အဲဒီဘက်ရွာတွေထဲ ဝင်လို့မရသေးတော့လေ” ဟု Vitamins – For Spring Revolution အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလှေများမှာ လုံလောက်မှုမရှိသည့်အပြင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် မြွေဆိပ်ဖြေဆေးများလည်း လိုအပ်နေသည်ဟု ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။

“ရေကြီးတော့ မြွေက အတော်ထွက်လာတာပါ။ တနေ့ကဆို တစ်ယောက် ဆိပ်ထိပါတယ်။ ဒီအချိန်မှာ မြွေကိုက်ခံရရင်လည်း ဆေးရုံဆေးခန်းက မလွယ်ပါဘူး။ နီးစပ်ရာ ရှိနေတဲ့ ဆေးအဖွဲ့ဆီမှာလည်း မြွေဆိပ်ဖြေဆေးက ရှိမနေပါဘူး” ဟု Vitamins – For Spring Revolution အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

မြင်းမူမြို့နယ်အတွင်း ရေမြှုပ်သည့် ကျေးရွာများအနက် နောက်ဆုံးမြှုပ်သွားသည့် ရွာသို့သာ ကယ်ဆယ်ရေးလှေများ သွားရောက်၍ရပြီး ကျန်ရွာများမှာ ရေစီးသန်နေသဖြင့် သွားရောက်၍ မရသေးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံလျက်ရှိရာ စစ်ကိုင်းယူနစ်သည် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုကို အဆိုးရွားဆုံး ခံစားနေရပြီး ဩဂုတ်လ ၁၂ ရက်နေ့ စာရင်းများအရ မြို့နယ်ပေါင်း ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေကြောင်း NUG ကထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်