ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန် ဓာတ်ဆားဆိုတိုင်း ကောက်မသောက်ပါနဲ့
(ဘယ်အမျိုးအစားက သင့်အတွက် အမှန်ကန်ဆုံးလဲဆိုတာ အခုပဲ ကြည့်လိုက်ပါ)
လက်ရှိ အချိန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များနေတဲ့အတွက် အိမ်တိုင်းမှာ ဓာတ်ဆားထုပ်တွေကို မဖြစ်မနေ ဆောင်ထားကြပါတယ်။
ဒါပေမယ့် အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ခုက “ဓာတ်ဆားရေ သောက်ပါ” ဆိုတိုင်း တွေ့တဲ့ ဓာတ်ဆားကို ကောက်သောက်လိုက်လို့ လုံးဝ (လုံးဝ) မရပါဘူး။
အထူးသဖြင့် ဝမ်းရောဂါဖြစ်နေချိန်မှာ ဓာတ်ဆားမှားသောက်မိရင် ရောဂါပိုဆိုးသွားနိုင်ပါတယ်။
ဒါကြောင့် ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ဘယ်ဓာတ်ဆားထုပ်က ဘယ်လို အခြေအနေအတွက် ထုတ်လုပ်ထားတာလဲ ဆိုတာကို ကွဲကွဲပြားပြား သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
BPI အပြာထုပ် (သာမန်လူများအတွက်)

လက်ရှိ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေ အဓိက သောက်သုံးရမယ့် ဓာတ်ဆားကတော့ BPI အပြာထုပ်ပဲ ဖြစ်ပါတယ်။
သွေးပေါင်ကျတဲ့ အချိန်တွေနဲ့ ဝမ်းသွားတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ဓာတ်ဆားကို ပြန်လည်ဖြည့်တင်းပေးဖို့ အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။
BPI အစိမ်းထုပ် (ဆီးချိုသမားများအတွက်)

ဒီအစိမ်းထုပ်ကတော့ ဆီးချိုရောဂါ အခံရှိသူတွေအတွက် သီးသန့် ရည်ညွှန်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဆီးချိုသမားတွေ ဝမ်းသွားပြီဆိုရင် သာမန်အပြာထုပ်ထက် ဒီအစိမ်းထုပ်ကို ရွေးချယ်သောက်သုံးရပါမယ်။
Royal-D (အားကစားနှင့် ချွေးထွက်များသူများအတွက်)

လူအများစု အမှားဆုံး အချက်က ဒါပါပဲ။ Royal-D ဟာ အရသာရှိလို့ ဝမ်းသွားရင် ကောက်သောက်တတ်ကြပါတယ်။
တကယ်တော့ Royal-D ဟာ ဝမ်းသွားနေသူတွေနဲ့ ဆီးချိုရှိသူတွေ သောက်ဖို့ လုံးဝ မသင့်တော်ပါဘူး။
သူ့ကို ပြင်းထန်တဲ့ အားကစားလုပ်လို့ဖြစ်စေ၊ ပူပြင်းတဲ့ ဒဏ်ကြောင့်ဖြစ်စေ ချွေးထွက်များပြီး ရေဓာတ် ဆုံးရှုံးနေသူတွေသာ သောက်သုံးသင့်ပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီဆိုရင် လွယ်လွယ်နဲ့ Royal-D ကို မသောက်ဘဲ၊ မိမိရဲ့ ကျန်းမာရေး အခြေအနေ (ဆီးချို ရှိ/မရှိ) အပေါ် မူတည်ပြီး BPI အပြာ (သို့မဟုတ်) အစိမ်းထုပ်ကိုသာ မှန်ကန်စွာ ရွေးချယ် သောက်သုံးနိုင်ကြဖို့ သတိပေး တင်ဆက်လိုက်ရပါတယ်။

BPI အစိမ်းရောင်မရှိလို့ ဆီးချိုသမားတွေအတွက်ကြက်ခြေနီဓာတ်ဆားရှာထားပေးပါတယ်ရှင့် BPI အစိမ်းရောင်ဓာတ်ဆားနဲ့ကြက်ခြေနီဓာတ်ဆားမှာ Glucose ပါဝင်တဲ့ပမာဏချင်း တူတူပါပဲနော်
ကြက်ခြေနီဓာတ်ဆား 1ထုပ် 300
BPI ဓာတ်ဆား 1ထုပ် 300
Royal D ဓာတ်ဆား 1ထုပ် 250 နဲ့ Shwe – Healthy Food Store မှာ မှာလို့ရပါပြီရှင့် 🍀
မေး : ဆီးချိုသမား ဓာတ်ဆားရည် သောက်လို့
ရပါသလား ? ? ?
ဖြေ : မလိုအပ်ပဲ လုံးဝမသောက်သင့်ပါ ။❌
မေး : ဘယ်လို အခြေအနေမျိုးမှာ ဓာတ်ဆားရည် သောက်သင့်ပါလဲ ? ? ?
ဖြေ : (၁)ဝမ်းသွားခြင်း ၊ အန်ခြင်း ၊ ဖျားနာခြင်းကဲ့သို့ နေထိုင်မကောင်း ဖြစ်နေစဥ် ရေဓာတ်ဆုံးရှုံးသည့်အခါ –
(၂)သွေးတွင်းအချိုဓာတ် အလွန်ကျဆင်းသွားသည့်အခါ –
(၃)ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ချွေးထွက်များလွန်းသည့်အခါ –
ရေနှင့် ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းရန် သောက်သင့်သည် ။✅
မေး : မည်သည့် ဓာတ်ဆားအမျိုးအစားကိုရွေးချယ် သောက်သုံးသင့်ပါသလဲ ? ? ?
ဖြေ : ဓာတ်ဆားအားလုံးလိုလို ဂလူးကိုစ့်ပါဝင်ပါသည် ။ ပါဝင်နှုန်း ပိုနည်းသည့် ဓာတ်ဆားကို ရွေးချယ်ပါ ။ အရေးပေါ်လိုအပ်ခဲ့လျှင် မည်သည့်ဓာတ်ဆားကိုမဆို အချိန်မီ သောက်သုံးပေးပါ ။
” ရေဓာတ်ဆုံးရှူံးသည့် လက္ခဏာများ ”
– ရေအလွန်အမင်း ငတ်ခြင်း ၊ အာခြောက်ခြင်း ။
– ဆီးသွားနည်းခြင်း ၊ ဆီးအရောင်ရင့်ခြင်း ။
– ကြွက်တက်ခြင်း ၊ မလှုပ်ချင်မသယ်ချင် နုံးခွေခြင်း ။
– မူးဝေမောပန်းခြင်း ။ ခေါင်းကိုက်ခြင်း ။
မှတ်ချက် >>>
ဓာတ်ဆားကို မလိုအပ်ပဲ ကြိုမသောက်သင့်ပါ ။ တထုပ်လျှင် ရေတလီတာနှင့် ဖျော်ပြီး ၂၄နာရီအတွင်း ကုန်အောင်သောက်ပေးပါ ။
ကုန်ဆုံးရက်ကျော်နေလျှင် ၊ အစိုပြန်နေလျှင် မသောက်သင့်ပါ ။ တနေ့လျှင် အများဆုံး ၂ထုပ်ထက် ပိုမသောက်သင့်ပါ ။
ဆီးချိုသွေးတိုး ရိှသူများအတွက် မဖြစ်မနေ အခြေအနေမှာသာ သောက်သင့်သည် ။ မည်သည့်လက္ခဏာမျှ မပြပဲ ကြိုမသောက်ပါနှင့် ။
ဓာတ်ဆား အားလုံးတွင် ဂလူးကိုစ့်ပါဝင်သည် ။ အနည်းအများသာ ကွာခြားသည် ။
BPI အပြာတွင် Anhydrous Glucose 20.0 g
BPI အစိမ်းတွင် Anhydrous Glucose 13.5 g
Peditral တွင် Anhydrous Dextrose 20.0 g
Royal-Dတွင် Glucose 4.7 g
အသီးသီးပါဝင်ပါသည် ။
ဓာတ်ဆား (O.R.S) မှအပ မည်သည့် အားဖြည့် အချိုရည်မျှ မသောက်သုံးသင့်ပါ ။ ❗❗❗
အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ရိှကြပါစေ ။🙏 🙏 🙏



Leave a Reply