စဥ့်ကူးအတွက် TRI ရဲ့ ရာဇသံ

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အုပ်ချုပ်ရေးနယ်မြေတွင် နေထိုင်ကြသော အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာချက်

ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းသည် အကြမ်းဖက်စစ်ကောင်စီများ လှုပ်ရှားသွားလာ အုပ်ချုပ်ရာ နယ်မြေဖြစ်သည့်အတွက် ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ စစ်ရေး လှုပ်ရှားမည့်၊ လက်နက်ကြီးငယ် ပစ်ခွင်းမည့်နယ်မြေဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရန်သူ့နယ်မြေဖြစ်သည့် စဉ့်ကူးမြို့နယ် ၊ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ဖြစ်သည့် ကာလဖြစ်သည့်အတွက်

အကြမ်းဖက်စစ်ကောင်စီ အထိုင်ချနေရာများနှင့် လွတ်ကင်းရာနေရာဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်ကြပါရန် ယခု ထုတ်ပြန်သည့် နေ့မှစ၍ စစ်မအေးခင်ကာလအထိ (သို့မဟုတ်)

တပ်မှ စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွေ့ပြောင်းနေထိုင်လို့ရပြီဟု မထုတ်ပြန်ခင်ကာလအထိ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ(စစ်သည်တော်ကျင့်ဝတ်)အရ လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။

ဗျူဟာကွပ်ကဲရေးအဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRIဗျူဟာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ