📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စိတ်ဓာတ်မာကျောမှုလို့ ပြောရမလား နာကျည်းချက်ပြောရမလားဘဲ…

ကိုယ့်သားရင်းတစ်ယောက် အရှင်လတ်လတ်မီးရှို့ခံနေရချိန် အော်ဟစ်သံကို ကြားနေရက်နဲ့ ဘာမှလုပ်ခွင့်မရှိရင် ခဗျားတို့ ဘယ်လိုနေကြမလဲဗျ။

ဒီအန်တီနဲ့ဦးလေးကြီးတို့ကတော့ သူတို့ရဲ့သားအကြီးကောင်နဲ့အတူ ရွာသား ၄ ယောက် လမ်းထိပ်က ရပ်ရွာလုံခြုံရေးကင်းနေချိန် စကစရဲ့ ရုတ်တရက်ဝင်စီးတာကို ခံရတယ်။

လူတွေ အိပ်မောကျချိန် မနက် ၃ နာရီဖြစ်လို့ သေနတ်ကြားတာနဲ့ တစ်ရွာလုံး အငိုက်မိ ကိုယ်လွတ်ရုံးပြီး ထွက်ပြေးကြရတယ်။

ကင်းစခန်းကလူတွေတော့ ပြေးခွင့်မရလိုက်။

အဲကင်းစခန်းနဲ့ ဒီအန်တီတို့ အိမ်က နီးနေတော့ အဝေးကြီး ပြေးခွင့်မရလိုက်။

အိမ်နောက်ဘေးက ခြုံထံမှာ မိသားစု၃ယောက် ပုန်းခိုနေရတယ်။

စကစက သူတို့အိမ်ပေါ်တက်တယ်။ မွှေတယ်။ ပြီးတော့ ထွက်ပြေးကုန်ကြပြီ အချင်းချင်းပြောပြီး ဆင်းသွားကြတယ်။

ကံကောင်းတော့ အိမ်နောက် ခြုံထဲ ပုန်းနေတဲ့ သူတို့ မိသားစုကို စကစ က မမြင်လိုက်။ ခဏနေ ကင်းစခန်းကနေ အော်ငိုသံတွေ အော်ဆဲစစ်ဆေးသံတွေ ကြားနေရတယ်။

အဲထဲ သူ့သားလည်းပါတယ်။ ခဏနေ သေနတ်သံတွေ ထွက်သွားတယ်။ ဘာမှ လုပ်ခွင့်က မရှိ။

မှောင်နေသေးတော့ မြင်ကလည်း မမြင်ရ။ မကြာလိုက်ဘူး အဲကင်းစခန်း မီးစလောင်တယ်။ အော်ငိုသံတွေ ကြားရတယ်။ သွားမကြည့်ရဲ။

နည်းနည်းကြာတော့ စကစတွေ ထွက်သွားတော့ ဒီအန်တီ ကင်းစခန်းအနီး အမြန်ပြေးကြည့်တယ်။ သူ့သားမီးရှို့ခံထားရတယ်လို့ မသိသေး။

ဖမ်းသွားတယ်လောက်ပဲ ထင်ထားတာ။ မီးလောင်ပေမယ့် မီးလည်းမငြိမ်းရဲ။ ငြိမ်းရင် စကစပြန်လှည့်လာမှာ ကြောက်ရ။

စကစအဖွဲ့ အဝေးလည်းရောက် မိုးလည်းနည်းနည်းလင်းရော ရေသယ်ပြီး မီးငြိမ်းလိုက်တာ။

မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့လိုက်ရသတဲ့။

နီးရက်သား လှမ်းခေါ်လို့ ရနိုင်ရက်သားနဲ့ အော်ခေါ်ခွင့် နှုတ်ဆက်ခွင့် မရလိုက်ဘူး။

နောက်တစ်ခေါက် စကစထပ်ကြောင်းထပ်ထိုးတော့ ကြီးမားခိုင်ခံ့တဲ့ အိမ်ကိုပါ ထပ်မီးရှို့သွားပြန်ရော။

သားကော အိမ်ကော ရှုံးသွားလိုက်ပေမယ့် အငယ်ဆုံးသားက ကာကွယ်ရေးတပ်ထဲ ထပ်ဝင်သတဲ့။

အိမ်ကိုလည်း ဖြစ်သလို နေရရုံလေး ဆောက်ပြီးနေတယ်။

ဒါဟာ ယောတို့ရဲ့ စိတ်ဓာတ်မာကျောမှုလို့ ပြောရမလား နာကျည်းချက်ပြောရမလားဘဲ…

Mai A Naing

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်