ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိကြီးများ အပါအဝင် ၃၀ နီးပါးသေဆုံး
စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်း အားပြုတိုက်ခိုက်နေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ အပါအဝင် အရာရှိ အများအပြား သေဆုံးထိခိုက်မှု မြင့်တက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင်တွင် ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်၊ စင်ချောင်း နှင့် တောင်မော်ဦး ရေတပ်စခန်း အနီးတစ်ဝိုက်တို့တွင် နှစ်ဖက်တိုက်ပွဲများ အလွန်ပြင်းထန်နေပြီး တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာလျက်ရှိသည်။
စစ်ကောင်စီသည် ခလရ (၅၄၂)၊ (၅၄၃) တပ်ရင်းများနှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့မှတစ်ဆင့် မလကျွန်းကျေးရွာဘက်သို့ စစ်အင်အား ရာနှင့်ချီ အဆက်မပြတ် ဖြည့်တင်းနေသော်လည်း မြေပြင်ထိတွေ့တိုက်ပွဲများတွင် အထိနာလျက်ရှိသည်။
တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီအရာရှိများ၏ အတည်ပြုစာရင်းများအရ ဗိုလ်မှူးကြီးအဆင့် (၂) ဦး၊ ဒုတိယဗိုလ်မှူးကြီး (၁) ဦး၊ ဗိုလ်မှူး (၄) ဦးနှင့် ဗိုလ်ကြီးအဆင့် အများအပြား ပါဝင်ကြောင်း တွေ့ရှိရသည်။
ပထမအသုတ် အတည်ပြုစာရင်း
ဗိုလ်မှူးကြီး ဝေဖြိုးကျော်
ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း
ဗိုလ်မှူး စိုးသူ
ဗိုလ်မှူး အောင်ကိုငြိမ်း
ဗိုလ်မှူး ဇာနည်ငြိမ်းချမ်း (ခ) ဇော်ရဲရှိန်း
ဗိုလ်ကြီး မိုးကျော်ကျော်ရှိန်
ဗက စိုးအောင်လင်းထွန်း
ဗက ရဲဝင့်အောင်
ဗက မင်းခန့်
ဗက ရွှေသွေး
ဟိန်မင်းထက်
နေလင်းထိုက်
ဒုတိယအသုတ် အတည်ပြုစာရင်း
ဗိုလ်မှူးကြီး နေလင်းအောင်
ဗိုလ်မှူး မင်းသူ
ဗိုလ်ကြီး နေလင်းကျော်
ဗိုလ်ကြီး အောင်မျိုးဝင်း
ဗိုလ်ကြီး အောင်ခင်ဇော်
ဗိုလ်ကြီး အောင်ကျော်ဉာဏ်
ဗိုလ်ကြီး ကျော်ကျော်လင်း
ဗိုလ်ကြီး ကျော်မျိုးထက်
ဗိုလ်ကြီး ကျော်စွာဟိန်
ဗိုလ်ကြီး သက်ဝေဇင်
ဗိုလ်ကြီး ထွန်းဖိုး
ဗိုလ်ကြီး ထက်ဝေအောင်
ဗိုလ်ကြီး ရဲကိုဦး
ဗိုလ်လေး ဇော်မင်းဦး
တကက စွန်းငွေ
ရန်နိုင်ဟိန်
ဟိန်မင်းအောင်
ကျော်ဝေယံထွန်း
မှတ်ချက်။ အထက်ပါစာရင်းသည် ရုပ်အလောင်းတွေ့ရှိရပြီး အတည်ပြုနိုင်ခဲ့သည့် အရာရှိပိုင်း စာရင်းများသာဖြစ်ပြီး အောက်ခြေတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အမည်မသိရသေးသည့် ရုပ်အလောင်းများ ပါဝင်ခြင်း မရှိသေးပေ။
မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ စစ်ကောင်စီဘက်မှ အကျအဆုံးများပြားနေသဖြင့် နေ့စဉ် စစ်သုံးမော်တော်ယာဉ် အနည်းဆုံး (၂) စီးဖြင့် စစ်ကူအင်အားများ ဆက်တိုက်ဖြည့်တင်းနေရကြောင်း သိရသည်။
ထို့အပြင် ကျောက်ဖြူလေဆိပ်ဘက်တွင် ဂျိုင်ရိုကော်ပတာများ ချထားသည့်အပြင် တရုတ်ဒရုန်းနည်းပညာ အကူအညီများဖြင့် လေတပ်စခန်းပုံစံ ဖော်ဆောင်ကာ ဒရုန်းစစ်ဆင်ရေးများ တိုးချဲ့ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
စစ်ရေးလေ့လာသုံးသပ်သူများက စစ်ကောင်စီသည် မြေပြင်တွင် အထိနာကာ အင်အားပြုန်းတီးမှု ကြီးမားလာချိန်၌ အရပ်သားပစ်မှတ်များနှင့် ကျေးရွာများကိုပါ ပစ်မှတ်ထားကာ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကို အဓိက အားပြုလုပ်ဆောင်လာနေကြောင်း ထောက်ပြထားကြသည်။
လက်ရှိတွင် ကျောက်ဖြူဒေသအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ရေကြောင်းပစ်ခတ်မှုများကို ပိုမိုလုပ်ဆောင်လာနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်းအန္တရာယ်များကို ယခင်ထက်ပို၍ သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။



Leave a Reply