📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဝမ်းပျက်ဝမ်းလျှောရာကနေ ကျောက်ကပ်ပါထိသွားရတဲ့ မိန်းကလေးတစ်ဦးရဲ့ ရင့်နင့်စရာအဖြစ်

ခုတလော ဝမ်းပျက်ဝမ်းလျောပြဿနာတွေ လူအများစုဖြစ်နေတဲ့အတွက် လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ဝေမျှပေးချင်ပါတယ်။

ကျမရဲ့ ညီမလေးက ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး ကျောက်ကပ်ကို ထိသွားလို့ ခုလက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ဒီဝေဒနာမဖြစ်ခင် ညက သူစားခဲ့တာ ကြေးအိုးရယ်၊ ကြက်ကြော်ရယ်ပေါ့။ ဒါလည်း သူပုံမှန်စားနေကြပါပဲ။

ဘယ်လိုကနေ အစားမှားယွင်းသွားလဲတော့ မသိဘူး။

တောက်လျှောက်အန်တယ်။ ဝမ်းလည်း မထိန်းနိုင်အောင်သွားတယ်။)

ပထမ စစဖြစ်ခြင်းရက်မှာ ရပ်ကွက်ထဲကဆေးခန်းကိုပဲ ပြမိလိုက်တယ်။ ဒါပေမဲ့ မသက်သာလာဘူး။ ရေသောက်လေ အန်လေပဲ။

ဒုတိယနေ့မှာလဲ မသက်သာလာတာနဲ့ ငယ်လေးကို ပြနေကြ Family Doctor ဆီခေါ်သွားလိုက်တယ်။

အဲဒီမှာ ဆရာကြီးက လိုအပ်တာတွေ ကုသပေးပြီး သွေးစစ်ခိုင်းလိုက်တယ်။ ကျမတို့ညီမက ဘာလို့သွေးစစ်တာလဲပေါ့။

ဒီလောက်အားနည်းနေတာကို ဆိုပြီး ဆရာကြီးကို complain တက်နေသေးတာ။ ကိုယ်တွေ ဗဟုသုတနည်းပါးပုံများ။

ဒါနဲ့ပဲ ဆရာကြီးက သေချာရှင်းပြပြီး သွေးစစ်ချက်အဖြေနဲ့ ညနေထပ်လာပြဖို့ပြောတယ်။

ညနေထိလည်း ငယ်လေးက သိပ်မသက်သာလာဘူး။ လူက ဖြူဖျော့ပြီး မျက်ကွင်းတွေညို ခြေသလုံးကကြွက်တက်သေး၊

ညနေ ဆရာကြီးဆီ ထပ်ရောက်တော့ သွေးစစ်ချက် အဖြေမှာ ကျောက်ကပ်ကို ထိသွားပြီး စိတ်ပူရတဲ့အခြေအနေဖြစ်နေပြီဆိုတော့ သမီးတို့အိမ်မပြန်နဲ့တော့ ကျောက်ကပ်ဆရာဝန်ကြီးနဲ့ ချက်ချင်းပဲ Booking ယူပြီး ဆေးရုံကိုချက်ချင်းသွားပါတဲ့။

ဒါနဲ့ပဲ ဆေးရုံနှစ်ခုကြား ဗျာများခဲ့ရတဲ့ညပေါ့။

ဆေးရုံမှာလဲ အခန်းတွေပြည့်နေတာ တကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါလက္ခဏာရှိတဲ့ လူနာကျို လက်မခံချင်တာတကြောင်း၊ 11.8.2026 ညဆေးရုံတက်ခွင့်မရလိုက်ဘူး။

ဒါဆို ငယ်လေးကို သက်သာလာအောင် စိတ်ချရအောင် လုပ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဆရာဝန်ကြီးကလဲ referral letter ရေးပေးလိုက်တယ်။

ဒါနဲ့ပဲ ဆာကူရာဆေးရုံရဲ့ emergency ခန်းရောက်တော့ တာဝန်ကျဆရာဝန်မလေးတွေက ပုလင်းကြီးတွေချိတ် ပိုးသတ်ဆေးတွေ ချိတ်ပြီး BPI ဓာတ်ဆားထုတ်ကို ရေတလီတာဗူးနဲ့ ဖျော်ပြီး နှစ်ဗူးတိတိ ဝင်အောင်တိုက်ခိုင်းတယ်။

နောက်နေ့မှာတော့ ငယ်လေးက အန်တာသက်သာသွားပြီး အာရှတော်ဝင်မှာ ဆေးရုံအခန်းရတာနဲ့ စတက်ခဲ့ရတယ်ပေါ့နော်။

ငယ်လေးရဲ့ခုလက်ရှိ အခြေအနေကတော့ ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး ကိုယ်ခန္ဓာထဲကရေဓာတ်တွေဆုံးရှုံးသွားတဲ့အတွက် ကျောက်ကပ်ကိုထိခိုက်သွားပါတယ်။

ဆီးသွားတာနည်းသွားတယ်ပေါ့။ အချိန်လွန်သွားမှ သိရင် ကျောက်ကပ်ဆေးရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်တဲ့။

ဒါကြောင့် ခုလတ်တလော ရောဂါပိုးတွေပျံ့နှံ့နေတဲ့အတွက် အကယ်၍ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ခဲ့တယ်ဆိုရင် အိမ်မှာပဲ ပျောက်နိုးနိုး ဝမ်းကိုက်ပျောက် ဆေးလေးသောက်ပြီး စောင့်မနေပါနဲ့။

ရေဓာတ်ဆုံးရှုံးသွားတဲ့အတွက် (ရွိုင်ရွယ်ဒီ ဓာတ်ဆားထက်) ဘီပီအိုင် ဓာတ်ဆားကိုရေတလီတာဗူးနဲ့ ဖျော်ပြီးသောက်ပါ။

တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြပြီးကုသမူခံယူပါ။ ကျောက်ကပ်ကိုပျက်ဆီးစေတဲ့အထိ ဖြစ်လာနိုင်တာကြောင့် ကြောက်စရာအရမ်းကောင်းပါတယ်။

(Myint Myat Thu)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်