📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မကွေးမှာ ပွဲ ၅၀ ကျော် ဒွမ်ခဲ့တဲ့ အညာတမာ (ရုပ်သံ)

မကွေးဒေသရှိ အညာတမာစစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ တပ်သား ၅၀ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းသို့ ရွေးတုအစိုးရလက်အောက်ခံစစ်တပ်က ပြီးခဲ့သည့်မေလမှစတင်ကာ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် အညာတမာ စစ်ဆင်ရေးစုဖွဲ့မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းများမှ ပြီးခဲ့သည့် ဇွန်လအတွင်း မြိုင်မြို့နယ်၊ တွင်းမပျူစခန်းမှ ပေါက်မြို့နယ်၊ ထောက်ရှင်ပင်ကျေးရွာ၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမ-ဝက်ပုတ်-ဗောဓုံ-ဘောင်ပင်-သင်းမ-ယာကြီးပြင်-တောင်စုံ-မှန်ရင်း စသည့် ကျေးရွာလမ်းပိုင်းများကို အသုံးပြုကာ စစ်ကြောင်းထိုးလျက်ရှိပြီး အညာတမာအင်အားစုများနှင့် ထိတွေ့မှုပေါင်း ၃၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

“စစ်တပ်စစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့တာကတော့နဲနဲကြာပြီပေါ့နော် ဒါပေမဲ့ဒီခြောက်လပိုင်းဝန်းကျင်လောက်ကနေ အညာတမာစစ်ဆင်ရေးဆိုပြီး စပြီးလှုပ်ရှားဖြစ်ခဲ့တယ်။

လက်ရှိအခြေအနေက ပခုက္ကူမြို့တပ်မ-၁၀၁ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်။

လက်ရှိအခြေနေထိမှာ ရန်သူက ပခုက္ကူ၊ မြိုင်၊ ပေါက်အဲ့တကြောကို မွှေနှောက်ခဲ့တာပဲဖြစ်ပါတယ်” ဟု အညာတမာစစ်ဆင်ရေး ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

ထို့ပြင် လက်နက်မဲ့ အလင်းဝင်ရောက်လာသူ ပြည်သူ့စစ် လေး ဦးလည်းရှိပြီး ၎င်းတို့အား သက်ဆိုင်ရာ မိသားစုများနှင့်ချိတ်ဆက်ကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရတပ်က စစ်ကြောင်းထိုးနေစဉ်အတွင်း ပေါက်၊မြိုင်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံနေအိမ်ပေါင်း ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ၂၄ ဦးကိုလည်းသတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့်လည်း စစ်တပ်အနီးသို့မသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

တိုက်ခိုက်မှုများကို ‘အညာတမာ’စစ်ဆင်ရေးအင်အားစုများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊

MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊

ရေစကြိုတပ်ပေါင်းစု တို့ နှင့်အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ABSDF Column-3

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်