ရွှေကူမှာ ဒူဝါးတို့ ပွဲကြမ်းနေပြီ

တိုက်ပွဲဖြစ်နေလို့ မန်တုံ-မိုးမိတ်နဲ့ မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း KIA ထုတ်ပြန်

ရွှေကူမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေလို့ မန်တုံ -မိုးမိတ်လမ်းနဲ့ မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး လိုအပ်လို့ အရေးတကြီး ဖြတ်သန်းသွားလာလိုပါက ခွင့်ပြုချက် တောင်းခံဖို့ အသိပေးထားပါတယ်။

ဩဂုတ် ၁၁ရက်က စပြီး မိုးမိတ်မြို့နယ် ညောင်နီရွာအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွားနေတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ မိုးမိတ်မြို့နယ် ပြည်သူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်သောအားဖြင့် KNIA တပ်ရင်း(၃၄) တပ်ရင်းမှူးက အခုလို လမ်းပိုင်းအချို့ ယာယီပိတ်ပင်လိုက်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

” မိဘပြည်သူများအရေးတကြီး ဖြတ်သန်းသွားလာလိုပါက သက်ဆိုင်ရာ K.I.A အဖွဲ့အစည်းများထံ အကျိုးအကြောင်းပြည့်စုံစွာတင်ပြပြီး ၊ ခွင့်ပြုချက်ရမှသာ သွားလာခွင့်ပြုမည် ဖြစ်သည်”လို့ ဖော်ပြပါတယ်။

စာထုတ်ပြန်တဲ့နေ့ကစပြီး လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာရင် ဖြစ်လာတဲ့ ပြဿနာကိစ္စတွေကို လုံး၀ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း KIA တပ်ရင်း(၃၄)က အသိပေးထားပါတယ်။

KIA Mm News.xyz 2026 03 01 130400

အာဏာသိမ်းစစ်တပ်ဟာ မိုးမိတ်မြို့နယ်အတွင်း KIA တပ်ရှိရာကို လေကြောင်းပစ်ကူနဲ့အတူ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

မိုးမိတ်ဒေသအပြင် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အတွင်း KIA ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ် ရွှေကူမြို့နယ် တို့မှာလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၅ရက် သတင်းဖော်ပြချက်မှာလည်း ရွှေကူဒေသအတွင်း စစ်ကောင်စီတပ်က နေ့စဉ် စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိသလို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။

စစ်တပ်က ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၇၈)(၄၁၆) တပ်ရင်း ပူးပေါင်း စစ်ကြောင်းက ဩဂုတ် ၁၄ရက်မှာ အင်အား ၂၀ခန့်နဲ့ ကိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်က ကိုင်းရွာအပါအဝင် ဒေသတွင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် မဘိမ်းမြို့နယ် အုပ်ချုပ်ရေးနယ်မြေကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြထားပါတယ်။

စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ နယ်မြေထိန်းချုပ်နိုင်ဖို့ ကချင်ဒေသမှာ စစ်ရေးလှုပ်ရှား စစ်ကြောင်းထိုးတာတွေပြုလုပ်လျက်ရှိရာ ရွှေကူမြို့နယ်မှာ သုံးလခန့်ကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဗန်းမော်မြို့မှာလည်း စစ်တပ်က ဩဂုတ် ၁၄ရက်မှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

KIAဟာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကတည်းက ဖော်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲတွေဖြစ်နေတာ ၁နှစ်ခွဲကျော်ကြာပြီဖြစ်ပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ရဲဘော်တွေ လေ့ကျင့်ပစ်ခတ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ