အိုင်းရင်း၏ ခင်ပွန်းဖြစ်သူကို စစ်တပ်က ဖမ်းဆီးထား
အိုင်းရင်းက ပြင်ပတွင် အသတ်ခံရပြီဟု သတင်းများကြားသိရကြောင်းပြော
ဗိုလ်နဂါးကိုထောက်ခံသည့် အိုင်းရင်း၏ ခင်ပွန်းဖြစ်သူကို စစ်တပ်က ဖမ်းမိထားကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်။

သို့သော် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖမ်းဆီးရမိခဲ့သည်ဆိုသည့် ဖြစ်စဉ်အသေးစိတ်ကိုမှု ရေးသားထားခြင်းမရှိပေ။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ အိုင်ရင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းရာတွင်
ခင်ပွန်းဖြစ်သူမှာ စစ်ကော်မရှင်၏ ထောင်ထဲ၌ ဖမ်းဆီးခံထားရခြင်း လုံးဝမဟုတ်ဘဲ ပြင်ပတွင် အသတ်ခံလိုက်ရပြီဖြစ်သည်ကို သတင်းများ ကြားသိရသည်ဟု တုံ့ပြန် ရေးသားထားသည်။

အိုင်ရင်း၏ ရေးသားချက်အရ ခင်ပွန်းဖြစ်သူမှာ လူနှင့် မော်တော်ယာဉ်ပါ ပျောက်ဆုံးနေသည်မှာ ၆ လခန့် ရှိပြီဖြစ်ပြီး၊ မိသားစုနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့သည်မှာလည်း ၃ လနီးပါး ရှိသွားပြီဖြစ်ကြောင်း၊
အဆက် အသွယ် ပြတ်တောက်နေစဉ် ကလေးများ၏ ဖုန်းခေါ်ဆိုမှုကို အခြားသူများက အမျိုးမျိုး ကိုင်ဆောင်နေခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ ဖုန်းကို ငမိုးရိပ်ချောင်းအတွင်း၌ ကောက်တွေ့ခဲ့သည်ဟု ရေးသားထားသည်။

စစ်ကော်မရှင်က ဖမ်းဆီးသွားသည်ဆိုသည့် သတင်းများကြောင့် ဖြစ်နိုင်သည့် ထောင်အသီးသီးသို့ လိုက်လံစုံစမ်းခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ သေဆုံးသွားပြီဆိုသည့် သတင်းများကိုသာ ရရှိခဲ့သည်ဟု အိုင်ရင်းကဆိုသည်။
ထို့အပြင် ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားချိန်၌ ၎င်း၏လက်တွင် ပါသွားသည့် ချိတ်ပိတ်ခံထားရသော အိမ်ဂရမ်အချို့နှင့် မော်တော်ယာဉ် တစ်စီးပါ အတူတကွ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရေးသားထားသည်။

ခင်ပွန်းဖြစ်သူ နောက်ဆုံး အဆက်အသွယ်ရခဲ့သူမှာ မှတ်ပုံတင်အတု ပြုလုပ်ပေးသူနှင့် အိမ်ရောင်းပေးမည်ဟု ဆိုသည့် “ခေါင်းဖြူ” ဆိုသူ ပွဲစားဖြစ်ပြီး အဆိုပါ ပွဲစားတွင် တာဝန်ရှိကြောင်းလည်း အိုင်ရင်းက ထောက်ပြထားသည်။

လက်ရှိတွင် ခင်ပွန်းဖြစ်သူ၏ သတင်း အတိအကျနှင့် အလောင်းကို မတွေ့မချင်း ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်းနှင့် အကယ်၍ စစ်ကော်မရှင်ဘက်က သတ်ဖြတ်ခဲ့ခြင်း မှန်ကန်ပါက တရားမျှတမှု ရရှိရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတစ်ဆင့် ဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကာယကံရှင် အိုင်ရင်း၏ ရေးသားချက်များအရ သိရှိရသည်။
လူကြီးဇာတ်ကား ကြိုက်သူများအတွက်
👇🏻👇🏻👇🏻


Leave a Reply