📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

၃ ရက်ဆက်တိုက် ရွာလုံးကျွတ် တဲ့

—

by

in

ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်ရွာကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ ၊ ရေစကြိုရှိ ၂၅၆၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းတို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ အရွယ် ဦးဌေးမြင့်၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့် နှင့် အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ တို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာ အားလုံးကို ခိုးယူ လုယက်သွားပြီး မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းဝင်ရောက်လာတုန်း လွတ်အောင်ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူတွေကို စစ်ခွေးတွေက သတ်ဖြတ်သွားတယ်။ လတ်တလော အတည်ပြုနိုင်တာ ပြည်သူ ၅ ဦးရှိတယ်။ အချို့ကို သတ်ဖြတ်ပြီး နေအိမ်တွေနဲ့ အတူ မီးရှို့အလောင်းဖျောက်ခဲ့တာ တခြား အတည်မပြုနိုင်သေးတဲ့ သတ်ဖြတ်ခံခဲ့ရသူတွေလည်း ရှိနိုင်ပါတယ်။ သူတို့မအုပ်ချုပ်နိုင်တဲ့နယ်မြေက အပြစ်မဲ့ ပြည်သူတွေကို ဆင်းရဲဒုက္ခမျိုးစုံပေးပြီး ယုတ်မာအောက်တန်းကျတဲ့ အလုပ်တွေကို လုပ်နေကြတဲ့ လူစိတ်ကင်မဲ့နေတဲ့ စစ်တပ်လို့ပဲပြောချင်ပါတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဇရပ်နီကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သာဂေါင်လေးကျေးရွာကိုလည်း ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်