📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အလုပ်ဆင်းချိန်ကြီး အတင်းခေါ်ခိုင်းရာကနေ မှန်ချပ်ပိပြီး ကွယ်လွန်သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားညီအစ်ကိုနှစ်ဦး

အလုပ်ဆင်းချိန်ကြီး အတင်းခေါ်ခိုင်းရာကနေ မှန်ချပ်ပိပြီး ကွယ်လွန်သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားညီအစ်ကိုနှစ်ဦး

မိသားစု စားဝတ်နေရေးအတွက် တိုင်းတစ်ပါးမှာ တရားဝင် အလုပ်သွားလုပ်ရင်းနဲ့မှ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာလုပ်သား ညီအစ်ကို နှစ်ဦးရဲ့ သတင်းကတော့ ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေပါတယ်။

အိမ်အပြန်လမ်းမရောက်ဘဲ အသက်ပါသွားခဲ့ရတဲ့ ညနေခင်း

ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ၊ ကဘီမြို့နယ်၊ အောက်နမ်းရပ်ကွက်မှာ (ဩဂုတ်လ ၁၅ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တာပါ။

ရေသန့်စက်ရုံမှာ တရားဝင် (PJ) စာအုပ်တွေနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား ညီအစ်ကို နှစ်ဦးဖြစ်တဲ့ ကိုအောင်လင်းသူ (၂၉ နှစ်) နဲ့ ကိုရဲသူဟိန်း (၂၂ နှစ်) တို့ဟာ အလုပ်ဆင်းချိန် ရောက်နေပြီဖြစ်ပေမယ့် အလုပ်ရှင်ရဲ့ ယောက်ဖဖြစ်သူက သူ့အလုပ်မှာ လာကူညီဖို့ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ရာကနေ အခုလို အဖြစ်ဆိုးကြီးနဲ့ ရုတ်တရက် ကြုံတွေ့ခဲ့ရတာပါ။

ကြက်သီးထစရာ မတော်တဆမှုကြီး

အတင်းအကျပ် ခေါ်ခိုင်းခံရလို့ သွားရောက်ကူညီပေးရင်း အလေးချိန်များတဲ့ မှန်ချပ်ကြီးတွေကို ကရိန်းနဲ့ မတင်နေစဉ်မှာပဲ ဘယ်သူမှ မထင်မှတ်ထားဘဲ ကရိန်းကြိုး ပြတ်ကျသွားခဲ့ပါတယ်။ အဲဒီလို ပြတ်ကျသွားတဲ့ အရှိန်နဲ့ (၂) ဦးစလုံးကို မှန်ချပ်တွေ ရုတ်တရက် ပိမိသွားခဲ့ပြီး နေရာမှာတင် ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ကွယ်လွန်သွားရှာတဲ့ ကိုအောင်လင်းသူဟာ ပဲခူးမြို့ (ဥဿရံရပ်ကွက်) ကဖြစ်ပြီး၊ ကိုရဲသူဟိန်းကတော့ သနပ်ပင်မြို့နယ် (နတ်ရေကန်ကျေးရွာ) ကဖြစ်ကာ သူတို့နှစ်ဦးဟာ ညီအစ်ကို တစ်ဝမ်းကွဲတွေ တော်စပ်ကြပါတယ်။

အကူအညီပေးဖို့ ရောက်ရှိလာတဲ့ WAG အဖွဲ့

တိုင်းတစ်ပါးမှာ ရုတ်တရက် ကျဆုံးသွားတဲ့ ညီအစ်ကို နှစ်ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်တွေမှာ ဥပဒေပိုင်းဆိုင်ရာ နားမလည်မှုတွေ ရှိနေတဲ့အတွက် WAG (အလုပ်သမားမဟာမိတ်အဖွဲ့) ထံကို အကူအညီ တောင်းခံလာခဲ့ပါတယ်။ လတ်တလောမှာတော့ (ဩဂုတ်လ ၁၆ ရက်) ကစပြီး WAG အဖွဲ့ကနေ အဆိုပါ သေမှုသေခင်း ကိစ္စရပ်တွေနဲ့ နစ်နာကြေးတွေအတွက် စတင် လက်ခံကူညီ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်