နတ်ရေကန်ကို စစ်ကူလာတဲ့ အင်အား ၁၈၀ ပါစစ်ကြောင်း ဗိုလ်အဆင့်အပါအဝင် ၆၀ ခန့်သေဆုံးတယ်လို့ဆို
အာရက္ခတပ်တော်ဝိုင်းဝန်း ပိတ်ဆို့ထားသော နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာသို့ စစ်ကူတက်လာသော အကြမ်းဖက် မြန်မာစစ်တပ်မှ စစ်ကြောင်းတစ်ခုသည်

အာရက္ခတပ်တော် (AA)၏ ကြားဖြတ်ချေမှုန်းတိုက်ခိုက်မှုကြောင့် ဗိုလ်အဆင့်အရာရှိများ အပါအဝင် စစ်သား၆၀ ခန့်သေဆုံးကာ ဒဏ်ရာစစ်သားအများအပြားဖြင့်နောက်ဆုတ်သွားကြောင်း သတင်းရရှိသည်။
ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ခုက “မနေ့ကနေ့လယ်မှာ နတ်ရေကန်ဘက်ကို တောင်ပေါ် လမ်းအတိုင်း တက်လာတာပါ။ အင်အား ၁၈၀ လောက်ပါတယ်။
ဂုတ်ကြီးရွာအကျော်မှာ AA ကတခါတည်းဝိုင်းတိုက်လိုက်တာ။ တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။ စစ်တပ်က အယောက် ၆၀ လောက်ကျတယ်လို့ သိရပါတယ်”ဟုပြောသည်။

တိုက်ပွဲအတွင်း ဗိုလ်ပါအဆင့်ရှိသူများအပါအဝင် စစ်သားအလောင်းအနည်းကို လေကြောင်း ပစ်ကူ၊ စစ်ကြောင်းတပ်ကူများဖြင့် ဆွဲထုတ်ကာ ကား ၂ စီးဖြင့် ပဒါန်းမြို့နယ်ဆုံကုန်း အနီးရှိ မစခ ၉၀၅ သို့ သယ်ဆောင်သွားရသည်ဟုပြောသည်။
၎င်းအင်အား ၁၈၀ ခန့်ပါသောအာဏာသိမ်းစစ်ကြောင်းသည်ယမန်နေ့ နေ့လယ်က အမ်း-ပဒန်းလမ်းသစ် ဂုတ်ကြီးရွာဝန်းကျင်အကျော်ကို ထိုးစစ်ဆင်လာခဲ့ပြီး
အာရက္ခတပ်တော်က နေရာကောင်းမှ အသင့်စောင့်ဆိုင်းပြီး ကြားဖြတ်ဆီးကြိုတိုက်ခိုက်ရာမှ ယခုလို အစုလိုက်အပုံလိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

၎င်းပြင်အလောင်းနှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့ဟု သိရသည်။
“လက်နက်ခဲယမ်းနဲ့။အလောင်းအချို့ကို AA ကသိမ်းလို့ရတယ်။တချို့လက်နက်တွေ၊အလောင်းတွေကို စကစပြန်သိမ်းလို့ရသွားတယ်။စစ်တပ်က စစ်ကူလိုက်လာပြီး ဆွဲထုတ်တယ်။ လက်နက်ကြီးပစ်ကူအပါအဝင် လေယဉ်ပစ်ကူပေးပြီး ဆွဲထုတ်သွားခဲ့တယ်”ဟုပြောဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ နတ်ရေကန်ကို ထိုးဖောက်နိုင်ရန် အင်အားထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေကိုစုဆောင်းထားပြီး ယမန်နေ့က ဇင်ပြွန်း လက်နက်ကြီးအထိုင်စခန်းကနေ လမ်းဟောင်း ပဇီ၊လမ်းသစ်ဂုတ်ကြီးထိ တပ်ဖြန့်ထားပြီး ပြန်လည်စစ်ကြောင်းထိုးလာရာAA က ပထမပွဲဦးထွက်စစ်ဦးကို အပြီးသတ်ချိုးကာ တိုက်ထုတ်နိုင်ခဲ့သည်ဟာ ၎င်း စစ်ရေးရင်းမြစ်က ပြောသည်။
အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခသို့ ဆက်သွယ် မေးမြန်းထားဆဲဖြစ်ပါသည်။


Leave a Reply