မိတ္ထီလာမှာ အမျိုးသားက ဇနီးဖြစ်သူကို အိမ်တံခါးပိတ် ဓာတ်ဆီလောင်း 🔥

ဇနီးကို ယောက်ျားဖြစ်သူက နေအိမ်တံခါးပိတ်ကာ ဓါတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဓာတ်ဆီလောင်း မီးရှို့ရာက ဇနီးဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ(မ)ရပ်ကွက်မှာ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို နေအိမ်တံခါးပိတ်ကာ ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ အမျိုးသမီးဖြစ်သူဟာ စုမဲငွေတွေကို ယူသုံးကာ ဖုန်းဝယ်လိုက်တာကြောင့် ခုလိုလုပ်ခဲ့တာလို့ ပြောဆိုနေကြပါတယ်။

“စုမဲ စုထားတဲ့ သူများငွေတွေကို သူ့မိန်းမကယူပြီး ဖုန်းဝယ်လိုက်တာကြောင့် စိတ်ဆိုးပြီး ခုလိုလုပ်လိုက်မိတာလို့ ပြောတယ်၊ ဓါတ်ဆီနဲ့ပတ်ပြီး မီးခြစ်နဲ့ ရှို့လိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးဟာ မန္တလေးဆေးရုံမှာ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ သိရပြီး ယောက်ျားဖြစ်သူကိုတော့ မိတ္ထီလာမြို့နယ် ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်