Gas မီးဖိုသုံးသူတွေ အထူးသတိထားကြဖို့

Gas မီးဖိုနဲ့ ဟင်းချက်ဖို့ မီးမွှေးရာက အနားက ဓာတ်ဆီပုံးကို မီးကူးပြီး နေအိမ်အပေါ်ထပ်တခုလုံး မီးလောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Gas မီးဖို ကတဆင့် ဓာတ်ဆီပုံးပေါ်ကို မီးကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မုပွန်ရပ်ကွက်၊ တိုးချဲ့ (၈)လမ်းမှာရှိတဲ့ နေအိမ်တခုမှာ Gas မီးဖိုနဲ့ ဟင်းချက်ဖို့ မီးမွှေးရာက မီးဖိုဘေးမှာထားတဲ့ ဓာတ်ဆီပုံးပေါ်ကို မီးကူးပြီး နေအိမ်တိုက်ခန်းရဲ့ အပေါ်ထပ်တခုလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

“အပေါ်ထပ်မှာက အိမ်ငှားနေတဲ့သူတွေပါ၊ Gas အိုးနဲ့ ဟင်းချက်ဖို့ မီးမွှေးတာကနေ လောင်တာ၊ ဓာတ်ဆီပုံးက အဖုံးပိတ်ထားပေမယ့် ဘယ်လိုမီးကူးတယ် မသိဘူးလို့ ပြောတယ်၊ အိမ်တလုံးလုံး ကုန်သွားတာပဲ၊ ဒါတောင် မိုးရွာနေလို့ ခံသာတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ငှားနေထိုင်တဲ့ အသက် ၄၄ နှစ် အရွယ် ဦးလင်းပိုင်ရဲ့ နှစ်ထပ်တိုက်အိမ် အပေါ်ထပ်က လောင်ကျွမ်းခဲ့တာလို့ သိရပြီး မော်လမြိုင်မြို့ မီးသတ်ဌာနက မီးသတ်ကား ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဦးလင်းပိုင်ကို မီးပေါ့ဆစွာသုံးစွဲမှုနဲ့ မုပွန်နယ်မြေရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်