📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စမ်းချောင်းက အုပ်ကြီး ၇ ကောင် ဒွမ်ခံရပြီဟေ့…

စမ်းချောင်းတွင် အုပ်ချုပ်ရေးမှူး ၇ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း ခွင့်ပြုချက်မရရှိသေးဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် တိုက်ခန်းများ ဆောက်လုပ်နေသည့် ကန်ထရိုက်တာ ဦးတင်ဝင်းဆိုသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦး ပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အုပ်ချုပ်ရေးမှူးများသည် ခွင့်ပြုချက်မဲ့ အဆောက်အဦများ ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးများမှာ ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊ သံတံတား၊ လင်းလွန်း(မြောက်)နှင့် လင်းလွန်း(တောင်) ရပ်ကွက်တို့မှ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် BCC မရရှိသေးသည့် အဆောက်အဦများအား လျှပ်စစ်မီး ချိတ်ဆက်ပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စမ်းချောင်းမြို့နယ် EPC မှ မန်နေဂျာတစ်ဦးနှင့် ဝန်ထမ်းတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်နေသည်။

လက်ရှိတွင် စမ်းချောင်းမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၃၂ လုံးခန့်ရှိကြောင်း သိရပြီး အဆိုပါ အဆောက်အဦများတွင် လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနေကြောင်း ဆိုသည်။

ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူးအရေအတွက်နှင့်ပတ်သက်၍ သတင်းရင်းမြစ်များအကြား ကွဲလွဲမှုများရှိပြီး ၆ ဦးမှ ၈ ဦးအထိ ဖမ်းဆီးစစ်ဆေးနေသည်ဟု မတူညီသော သတင်းများ ထွက်ပေါ်နေသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က စည်ပင်သာယာရေးအဖွဲ့ထံ ခွင့်ပြုချက်လျှောက်ထားနေစဉ်အတွင်း အဆောက်အဦများ စတင်ဆောက်လုပ်ခြင်း၊ ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းများ ရောင်းချခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

BCC မရရှိသေးသည့် အဆောက်အဦများအနေဖြင့် လျှပ်စစ်မီးရရှိရန် အခက်အခဲရှိသော်လည်း အချို့နေရာများတွင် သက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ မီးသွယ်တန်းအသုံးပြုနေကြသည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ စစ်အုပ်စုဘက်က တရားဝင်ထုတ်ပြန်ထားခြင်း ရှိ၊ မရှိကို လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်