တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို

တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နေရာအနှံ့ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး 5G နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၈ ရက် မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ 5G နည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Mid-Band (2600 MHz) လှိုင်းကို သတ်မှတ်ချထားပေးပြီး ဖြစ်ကြောင်း၊ အော်ပရေတာတွေအနေနဲ့လည်း 5G နည်းပညာ စမ်းသပ်မှုကို ဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ 5G ဝန်ဆောင်မှုတွေ ပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးကတော့ “လက်ရှိမှာ ဒေသအများအပြားမှာ လျှပ်စစ်မီး မမှန်တာ၊ ဖိုင်ဘာကြိုးတွေ ပြတ်တောက်နေတာနဲ့ တာဝါတိုင် ပြုပြင်ထိန်းသိမ်းရေးတွေမှာ အခက်အခဲတွေရှိနေတော့ 5G ကွန်ရက်ကို အပြည့်အဝ တည်ဆောက်ဖို့ဆိုတာ နည်းပညာအရော ဘဏ္ဍာရေးအရပါ အလွန်စိန်ခေါ်မှု ကြီးပါတယ်။ 2600 MHz လှိုင်းကို သုံးမယ်ဆိုရင်တောင် ကနဦးအနေနဲ့ မြို့ကြီးအချို့ရဲ့ ကန့်သတ်နေရာတွေမှာပဲ သုံးနိုင်ဖို့ များပါတယ်။

Facebook တို့လို ဆိုရှယ်ပလက်ဖောင်းတွေကို VPN ခံပြီး သုံးနေ‌ရဦးမယ်ဆိုရင်တော့ 5G ရဲ့ အဓိက အားသာချက်ဖြစ်တဲ့ အင်တာနက်အမြန်နှုန်းမြင့်မားမှုနဲ့ ဒေတာတုံ့ပြန်ချိန်နှောင့်နှေးမှု နည်းပါးတဲ့ ရလဒ်အမှန်ကိုတော့ ပြည်သူတွေ အပြည့်အဝခံစားရဖို့ မဖြစ်နိုင်ပါဘူး” လို့ သုံးသပ်ပြောဆိုထားပါတယ်။

ပြည်သူတစ်ဦးကလည်း “VPN ကို အရင်ဖြုတ်ပါအုန်း၊ 4G တောင် အဝိုင်းလည်နေတာ၊ တကယ်လို့ 5G ရရင်တောင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အဲဒီနေရာတွေမှာပဲ ရမှာပါ၊ ဖုန်းလိုင်း အင်တာနက်လိုင်း မရတဲ့နေရာတွေမှ မြန်မာနိုင်ငံမှာ အများကြီး၊ ပြည်သူကောင်းစားရေးထက် သူတို့ကောင်းစားရေးကို လုပ်နေကြတာ” လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အတုအယောင် လွှတ်တော်အစည်းအဝေးမှာလည်း ပြည်သူတွေအနေနဲ့ အင်တာနက်လိုင်း ပြတ်တောက်ပါက တိုင်ကြားနိုင်ကြောင်းနဲ့ သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ လျော်ကြေးငွေ(သို့မဟုတ်) အစားထိုးဝန်ဆောင်မှု ပြန်လည်ပေးဆောင်ရမယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့ပါသေးတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်