📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်တွေ ဗျိုင်းဖြူရွာက လူT-တ်ပွဲ နောက်ဆက်တွဲတွေ ပေါ်လာပြီ

စစ်တွေ ဗျိုင်းဖြူကျေးရွာတွင် အနည်းဆုံး ရွာသား ၇၀ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အသက်ရှင်ကျန်ရစ်သူများ ပြန်လည်ပြောပြ

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာတွင် ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်မှ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ရွာသား ၇၀ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသား ၈၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ The Diplomat သတင်းဌာနက ဖော်ပြသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် အသက်ရှင်ကျန်ရစ်သူ ၅ ဦးက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များကို ပြန်လည်ပြောပြထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ ၂၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား ၂၀၀ ခန့်က ဗျိုင်းဖြူကျေးရွာကို ဝိုင်းပတ်ပြီး ရွာသားများကို စုဝေးခိုင်းခဲ့သည်။

အမျိုးသား ၈၀၀ ခန့်ကို မျက်လုံးစည်း၊ လက်နောက်ပြန်ချည်ကာ ကျေးရွာအစွန်သို့ ခေါ်ဆောင်သွားပြီး အမျိုးသမီးနှင့် ကလေးများကို လမ်းပေါ်တွင် ထိုင်ခိုင်းထားကြောင်း ပြောသည်။

ထိုညတွင် အမျိုးသားများကို နှိပ်စက်သည့် အော်ဟစ်သံများကြားရပြီး ည ၈ နာရီခန့်မှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ သေနတ်သံများ ဆက်တိုက်ကြားခဲ့ရကြောင်း အသက်ရှင်ကျန်ရစ်သူများက ပြောသည်။ နောက်တစ်နေ့ မနက်တွင် အနီးရှိ သုသာန်၌ အလောင်းများကို မီးရှို့နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

“နောက်တစ်နေ့ မိုးလင်းတော့ ရွာအစွန်က မီတာ ၁၀၀ လောက်အကွာမှာရှိတဲ့ သုသာန်ကနေ မီးခိုးတွေ တက်လာတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ အဲဒီအချိန်ကျမှ ရွာသားအများအပြား သတ်ဖြတ်ခံလိုက်ရနိုင်တယ်ဆိုတာ သိလာခဲ့ကြတယ်။ သူတို့ရဲ့ အလောင်းတွေကို သုသာန်မှာ မီးရှို့နေကြတာပါ။” ဟု အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောသည်။

အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦးက အမျိုးသား ၈၀၀ ကို အုပ်စု ၃ စုခွဲထားပြီး နေဝင်ပြီးနောက် နှိပ်စက်သတ်ဖြတ်မှုများ စတင်ခဲ့ကြောင်း၊ ထွက်ပြေးရန် ကြိုးစားသူအချို့ကို ဓားဖြင့်ထိုးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြောသည်။

ရေတောင်းသည့် ရွာသားအချို့ကို စစ်ကောင်စီတပ်သားများ၏ ဆီးသောက်ခိုင်းပြီး ငြင်းဆန်သူများကို ရိုင်ဖယ်သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်သားများက ဗျိုင်းဖြူကျေးရွာကို ပစ်မှတ်ထားရခြင်းမှာ ကျောက်တော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးခဲ့မှုများကို လက်စားချေခြင်းနှင့် ရွာသားများသည် AA နှင့် ပူးပေါင်းနေသည်ဟု သံသယရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူများက ပြောသည်။

ULA အဖွဲ့ဝင်များဟု သံသယရှိသည့် ရွာသား ၁၁ ဦးကိုလည်း သီးခြားဖော်ထုတ်ကာ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း The Diplomat သတင်းဌာနက ဖော်ပြသည်။

“သူတို့ကို သံကြိုးတွေနဲ့ ရိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သူတို့ထဲက ၄ ယောက်က သေနတ်မောင်းမဆွဲခင်ကတည်းက သတိလစ်နေကြပြီ” ဟု အသက် ၁၇ နှစ်အရွယ် အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောသည်။

ထို့အပြင် မေလ ၃၀ ရက်ညတွင် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သား ၄ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများက ပြောသည်။

အမျိုးသမီးနှင့် ကလေးများကိုလည်း နေပူထဲတွင် နှစ်ရက်နီးပါး ထိုင်ခိုင်းထားပြီး နေအိမ်များကို စစ်ကောင်စီတပ်သားများက ဝင်ရောက်လုယက်ခဲ့ကြကြောင်း ဆိုသည်။

မေလ ၃၁ ရက်တွင် အမျိုးသမီးနှင့် ကလေးများကို စစ်တွေမြို့အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းခဲ့ပြီး အမျိုးသား ၆၀၀ မှ ၆၅၀ ခန့်ကို စစ်တွေရှိ စစ်တပ်စခန်းသို့ ခေါ်ဆောင်သွားကာ ထပ်မံနှိပ်စက်စစ်ဆေးပြီးနောက် စစ်တွေထောင်သို့ ပို့ခဲ့ကြောင်း ပြောသည်။

ထောင်တွင်လည်း အမျိုးသား ၂ ဦးမှာ တစ်ပတ်အတွင်း သေဆုံးခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ဗျိုင်းဖြူကျေးရွာသား အနည်းဆုံး ၄၀၀ ခန့်သည် စစ်တွေမှ ထွက်ပြေးကာ AA ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိခဲ့ပြီး ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ IDP စခန်းများတွင် နေထိုင်နေကြကြောင်း သိရသည်။

“ကျွန်မတို့ အရာအားလုံး ဆုံးရှုံးခဲ့ပြီ။ စစ်တွေ လွတ်မြောက်ပြီးမှပဲ ကျွန်မတို့ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်လို့ရတယ်” ဟု နောက်ထပ် အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်တွင် ကျေးရွာသို့ လျှို့ဝှက်ပြန်သွားသူများ၏ ပြောဆိုချက်အရ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အိမ်ကြီးအများစုကို ရောင်းချထားပြီး အိမ်ငယ်အများအပြားကို ဖျက်ဆီးထားကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်