📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ငါးထပ်ကြီးပွဲမှာ အပီနွှာပြလိုက်တဲ့ ဇေယျာပုရသားတွေ

စစ်ကိုင်းမြို့တိုက်ပွဲ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်၊ နှစ်ဖက် ထိခိုက်မှုရှိ

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဩဂုတ် ၁၈ ရက် ညပိုင်းကစပြီး စစ်တပ်က ငါးထပ်ကြီးဘုရားတောင်ဘက် ဂုံညင်းတောင်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်း PDF ဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

“ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တစ်ယောက် ကျတယ်။ သူတို့လည်း ရှေ့ဆက်မတိုးရဲဘူး။ မိုင်းမိသွားတယ်။ သူတို့လည်း(ထိခိုက်သေဆုံးသူ) ရှိတော့ရှိမယ်”လို့ စစ်ကိုင်း PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားမြောက်ဘက်၊ ဘုရားဖြူမှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာရှိတယ်လို့ သိရပါတယ်။

“အဲဒီဘက်(ဂုံညင်းတောင်ရွာ)က ခဏခဏ တိုက်ပွဲဖြစ်တယ်။ ဒေသခံတွေက နဂိုကတည်းက စစ်ရှောင်နေကြရတာ”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ (၃၃)၊ အုန်း‌တော-တကရ(၆၀၀၅) အမြောက်တပ်တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ်။ အဲဒီနေရာကိုတော်လှန်ရေးတပ်တွေ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို တပ်မ (၃၃)လက်အောက်ခံ တပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာ ဒီကနေ့ မနက်မှာပဲ တပ်ဖွဲ့အချို့ဟာ သပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ကျေးရွာဘက်ကို ကားအစီး ၃၀ ခန့်နဲ့ ထွက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်