📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆန္ဒပြ အလုပ်သမားတွေကို ရဲခေါ် ပေါ်တာဆွဲခိုင်းတဲ့ ဒေါ်ခင်အေးလွင်

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ Myanmar Silver Spring အထည်ချုပ်စက်ရုံ၌ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်း

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဩဂုတ်လ ၁၃ ရက်နေ့က စတင် တောင်းဆိုနေခြင်းဖြစ်ပြီး ဆန္ဒပြနေ စဉ် စက်ရုံအထွေထွေမန်နေဂျာ ဒေါ်ခင်အေးလွင် က ရဲကို ခေါ်ဆောင်ကာ စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စက်ရုံဘက်က အော်ဒါများ အချိန်မီပြီးစီးရေးအတွက် ပြင်ပမှ နေ့စားနှင့် ညပိုင်းအလုပ်သမားများကို ခေါ်ယူအလုပ်လုပ်ကိုင်နေကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံက ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားများက လက်ရှိရရှိနေသည့် တစ်ရက်လုပ်ခ Day ကြေး ၇,၈၀၀ ကျပ် မှ ၁၃,၀၀၀ ကျပ် သို့ တိုးမြှင့်ပေးရန်၊ အချိန်ပိုလုပ်ခ OT ကြေး ၁,၉၅၉ ကျပ် မှ ၂,၅၀၀ ကျပ် သို့ တိုးမြှင့်ပေးရန်နှင့် ရက်မှန်ကြေးကို ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အကြား တိုးမြှင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တောင်းဆိုမှုများ ပြုလုပ်ရာတွင် စက်ရုံအထွေထွေမန်နေဂျာ ဒေါ်ခင်အေးလွင်က “လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်” ဟု ပြောဆိုခဲ့သည့်အပြင် ဩဂုတ်လ ၁၃ ရက်နေ့တွင် စက်ရုံအတွင်းသို့ ရဲများခေါ်ယူကာ စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းမည်ဟု ပြောဆိုခဲ့သည်။

“ကျနော်တို့ ဆန္ဒပြတဲ့ ပထမနေ့မှာ သူက ရဲခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခိုင်းမယ် ပြောတော့ ကျွန်တော်​တို့ ယောက်ျား​လေးတွေ အထဲ မှာပြေးပုန်းနေခဲ့ရတယ်။

သူက ၁၈ နှစ်ပြည့်ပြီးသား ယောက်ျားလေးတွေရော မပြည့်သေးသူတွေရောရှိတယ်။ ကြိုက်တဲ့သူ ခေါ်သွားလို့ ပြန်ကြားရပါတယ်။ သူက Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်ခင်အေးလွင်ပါ။

အခုထိ ကျနော်တို့ တောင်းဆိုတာတွေက ပြေလည်မှု မရသေးပါဘူး။ တစ်ခါ​ ညှိနှိုင်း​လဲ ၅၀၀ နဲ့ ၂၀၀ ထက် တိုးမပေးပါဘူး” ဟု အလုပ်သမားတစ်ဦးက ပြောဆိုသည်။

လက်ရှိ ရရှိနေသည့် တစ်ရက်လုပ်ခ ကျပ် ၇,၈၀၀ မှာ ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆန်တစ်ပြည်ဖိုးပင် ဝယ်ယူရန် မလုံလောက်ကြောင်းနှင့် စက်ရုံဘက်မှ ပြင်ပအလုပ်သမားများ အစားထိုး အသုံးပြုသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်း မပြုဘဲ အမြဲတမ်း အလုပ်သမားများ၏ တောင်းဆိုချက်များကို အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုထားကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်