တောင်ဦးမော်ရေတပ် နေ့လား ညလား အသဲအသန်

တောင်မော်ဦး​ရေတပ်အနီးကကာကင်းစခန်းများကို AA ဝင်တိုက်၍တိုက်ပွဲဖြစ်ပွားနေ

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်၊ ရှေ့ထွက် အ၀တောင်ကာကင်းစခန်းများကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

“အရင်ကတော့ AA က ခုခံစစ်ပါ။ စကမ စစ်ကြောင်းထိုးလာမှ ပြန်တိုက်တာ။ အခုကတော့ AA က ကာကင်းစခန်းတွေကို ဝင်တိုက်နေပြီ။ AA က ဗျူဟာပြောင်းပြီလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ လက်ရှိ ဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်”ဟု ဒေသခံသတင်း​ရင်းမြစ်က ပြောဆိုသည်။

ယခုတိုက်ခိုက်နေသော ကာကင်းစခန်းများမှာ တောင်မော်ဦးရေတပ်၏အဓိက အခိုင်မာစခန်းတစ်ခုဖြစ်တဲ့ အဝတောင်ရွာစခန်းမှရှေ့ထွက်ကာကင်းများကြောင်း၎င်းက ပြောသည်။

“စစ်တပ်ကယာယီကာကင်းစခန်းတွေဖြန့်ချထားတယ်။သူတို့ စစ်တပ်ဗျူဟာ အရင်ကလို မဟုတ်ဘူး။တပ်တွေကို ဖြန့်ခွဲပြီး ချထားတာ။ အဲဒီကာကင်းစခန်းတွေကို AA က တိုက်ခိုက်နေတာ”ဟု ဆက်လက်ပြောဆိုသည်။

အခုလိုယာယီစခန်းတွေကတဆင့် စစ်ကြောင်းတွေလာပြီး စနဲဖက်သို့ ထိုးစစ်ဆင်ရန်အကြိမ်ကြိမ်ကြိုးစားနေသော်လည်း AA ဖက်က ခုခံတားဆီးတိုက်ခိုက်မူကြောင့် အကျဆုံးများဖြင့် နောက်ဆုတ်နေရချိန် အခုလိုယာယီစခန်းများကို AA ကထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်။

“အဲဒီစခန်းငယ်တွေက ဒရုန်း၊လက်နက်ကြီးတွေနဲ့ပစ်တယ်။နောက်ပြီး စစ်ကြောင်းတွေလည်း သူတို့ကိုအမှီယူပြီးရှေ့ကိုထိုးစစ်ဆင်တယ်။အဲဒါနဲ့ ဒီစခန်းတွေကိုရှင်းလင်းဖို့တိုက်ခိုက်နေပုံရတယ်” ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည်ကျောက်ဖြုူမြို့နယ်တောင်ဘက် မင်းပြင်၊သိုင်းချောင်း၊အဝတောင်စသည်နေရာတို့တွင် အင်အားဖြည့်တင်းပြီး အာရက္ခတပ်တော်ထိန်းချုပ်နေရာများကိုအကြိမ်ကြိမ်ထိုးစစ်ဆင်နေသော်လည်းအသေအပျောက်များပြီး အောင်မြင်မှု မရဖြစ်သည်ဟု ၎င်းစစ်ရေးရင်းမြစ်က ပြောသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်