နတ်ရေကန် စစ်ကူစစ်ကြောင်းများ၏ ခြေကုတ်စခန်းအနည်းဆုံး ၃ ခုကို AA တပြိုင်နက်တည်းတိုက်ခိုက်
(သေဆုံးသူနှင့်ဒဏ်ရာရသူများကို စစ်ကားများဖြင့် ပဒါန်းသို့ ညတွင်းချင်းယူဆောင်သွား)

အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကူ စစ်ကြောင်းများ၏ ယာယီခြေကုတ်စခန်းအနည်ဆုံး ၃ ခုကို အာရက္ခတပ်တော်က ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့ တိုက်ခိုက်သဖြင့် စခန်းများပြိုလဲပြီး ထိခိုက်ဒဏ်ရာရသူများကို ညတွင်းချင်းပဒါန်းသို့ ကားဖြင့်ယူဆောင်သွားရသည်ဟုသတင်းရရှိသည်။
ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တစ်ခု “မနေ့ညကစကစစခန်းတွေကို AA က နည်းမျိုးစုံနဲ့ ဝင်ဆော်သွားတာ။တော်တော်ထိခိုက်သွားပုံရတယ်။သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကိုပဒါန်းကိုကားနဲ့ယူဆောင်သွားတယ်။ အများကြီးပါသွားတယ်လို့ သိရပါတယ်”ဟုပြောသည်။ယမန်နေ့က သြဂုတ် ၁၉ ရက် ညနေဖက်အချိန်တွင်ဂုတ်ကြီးပတ်ဝန်းကျင်ရှိ အာဏာသိမ်းစစ်တပ်၏ယာယီ စခန်းငယ်နှစ်ခုကို လက်နက်ကြီးဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ကာ မြေပြင်ကပါဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက ပြောသည်။

အလားတူ ပဇီရွာနှင့်နတ်ရေကန်တောင်ကြားရှိ အာဏာသိမ်းစစ်တပ်၏ ယာယီစခန်းငယ်တစ်ခုလည်း တပြိုင်တည်း တိုက်ခိုက်ခံခဲရကြောင်းသိရသည်။
“ပဇီရွာနားက စခန်းပါ အဲဒီစခန်းကိုလည်း AA က တိုက်ခိုက်ခဲ့တယ်။ နတ်ရေကန်တောင်စခန်းလည်း ဒရုန်း၊လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံထားရတာနေ့တိုင်းလိုလိုဘဲ။အဆောင်ဆိုတစ်ခုမှမရှိတော့ဘူး”ဟုပြောသည်။

၎င်း ယာယီခြေကုတ်စခန်းများကို အာရက္ခတပ်တော်က ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ဘာတို့ဖြင့်တိုက်ခိုက်ပြီး မြေပြင်တပ်ဖွဲ့များကပါအနီးကပ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ကအထိနာသွားခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ်မှ အာရက္ခတပ်တော်နှင့်မဟာမိတ်များ ပိတ်ဆို့ထားသည့် နတ်ရေကန်တောင်အား လေကြောင်း စစ်ကူများဖြင့် အင်အားထောင်ချီပြီး အင်အားဖြည့်တင်းကာ ထိုးစစ်စတင်နေသော်လည်း AA နည်းဗျုဟာသာလွန်မှုကို လိုက်မမီသဖြင့် တိုက်ပွဲတိုင်းတွင် လမ်းမရဘဲ ထွက်ပြေးနေကြရသည်ဟုစစ်ရေးသတင်းရင်းများက ပြောဆိုသည်။



Leave a Reply