ပျောက်နေတဲ့ (၉) နှစ်အရွယ် ညီလေး ပြန်ရှာတွေ့ချိန်မှာတော့ အစ်ကိုဖြစ်သူ ရင်ကွဲခဲ့ရပြီ

ကျောင်းဆင်းချိန်ကတည်းက ပျောက်နေတဲ့ (၉) နှစ်အရွယ် ညီလေး… နောက်ဆုံး ပြန်ရှာတွေ့ချိန်မှာတော့ အစ်ကိုဖြစ်သူ ရင်ကွဲခဲ့ရပြီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးအန္တရာယ်ကြားထဲမှာ ညီလေးပျောက်သွားလို့ အပူတပြင်း အကူအညီတောင်းခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ရိုက်ချိုးခံလိုက်ရပါပြီ။

ကျောင်းအပြန်လမ်းက အဖြစ်ဆိုး

ပြီးခဲ့တဲ့ သြဂုတ်လ (၁၈) ရက်နေ့ ကျောင်းဆင်းချိန်မှာ အိုင်သပြု၊ ကြို့ကုန်းကျေးရွာက အသက် (၉) နှစ်အရွယ် တတိယတန်းကျောင်းသားလေး မောင်ကောင်းပြည့်စုံဟာ အိမ်အပြန်လမ်း ရေကျော်နေတဲ့ ကွန်ကရစ်လမ်းပေါ်မှာ ရေဆင်းဆော့မိရာကနေ ရုတ်တရက် ရေစီးနဲ့အတူ မမျှော်လင့်ဘဲ မျောပါပျောက်ဆုံးသွားခဲ့တာပါ။

ညီလေး ရုတ်တရက် ပျောက်ဆုံးသွားချိန်မှာ အစ်ကိုဖြစ်သူက “ကျောင်းဆင်းချိန်အပြီး ပျောက်သွားတဲ့ ညီလေးကို တွေ့ရင် ကူညီပေးကြပါဦး” ဆိုပြီး လူမှုကွန်ရက်ကနေတစ်ဆင့် အသည်းအသန် အကူအညီ တောင်းခံခဲ့ပါတယ်။

ရိုက်ချိုးခံလိုက်ရတဲ့ မျှော်လင့်ချက်

အစ်ကိုဖြစ်သူဟာ သူ့ရဲ့ ညီငယ်လေးကို ပုံမှန်အတိုင်း အရှင်လတ်လတ် ပြန်လည်တွေ့ရှိဖို့ မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်စားနေခဲ့တာပါ။

ဒါပေမဲ့ နောက်တစ်ရက် သြဂုတ်လ (၁၉) ရက်နေ့ ညနေ ၂ နာရီကျော်မှာတော့ ရွာသူရွာသားတွေ ဝိုင်းဝန်းရှာဖွေမှုကြောင့် ရေစီးသန်တဲ့ လယ်ရေမြောင်း ကိုင်းခြုံတွေကြားမှာ ညီငယ်လေးကို အသက်မပါတော့တဲ့ ခန္ဓာကိုယ်လေးအဖြစ်နဲ့သာ ဝမ်းနည်းဖွယ် ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

ယူကျုံးမရဖြစ်ခဲ့ရတဲ့ နှုတ်ဆက်ခြင်း

“ညီလေးကို ပြန်တွေ့ပါပြီ…” လို့ ယူကျုံးမရ ရင်ကွဲနာကျစွာနဲ့ အသိပေးလာတဲ့ အစ်ကိုဖြစ်သူရဲ့ စကားလုံးတွေက ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေခဲ့ပါတယ်။

သွေးသားရင်းချာ ညီငယ်လေးကို ရေထဲမှာ အခုလို အဖြစ်ဆိုးမျိုးနဲ့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိသားစုရဲ့ သောကကတော့ ဘာနဲ့မှ အစားထိုးလို့ ရနိုင်မည်မဟုတ်တော့ပါ။

ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ ဒီလိုအချိန်ကာလမှာ ကလေးငယ်တွေ ရေနားမသွားဖို့နဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဒီရင်နာစရာ အဖြစ်အပျက်လေးကနေတစ်ဆင့် သတိပေး နှိုးဆော်လိုက်ရပါတယ်။

လေးမျက်နှာမှာ တတိယတန်းကျောင်းသား ၁ ဦး ကျောင်းကအပြန် ရေနစ်သေဆုံး

ကျောင်းထဲ ရေဝင်မှ ပိတ်ရမယ်လို့ မြို့နယ်ပညာရေးမှူး ညွှန်ကြားထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်၊ ကြိုးကြာကွင်းအုပ်စု၊ ကြိုကုန်းရွာမှာ အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသား ၁ ဦး ကျောင်းကအပြန်မှာ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က စာသင်ကျောင်းကအပြန် ရေနစ်ကာ ရေစီးနဲ့ မျောပါ ပျောက်ဆုံးခဲ့တာလို့ သိရပြီး မိသားစုတွေနဲ့ ဒေသခံတွေက လိုက်လံရှာဖွေခဲ့ကြပေမယ့် သြဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ ကျော်ကျမှ ရုပ်အလောင်းကို ကျေးရွာအနီးက ကိုင်းခြုံတွေအနားမှာ တွေ့ခဲ့ကြတာလို့ သိရပါတယ်။

“ရွာအနားက လယ်မြောင်းကြီးထဲက ဒိုက်ပုံတွေပေါ်မှာ ပြန်ပေါ်လာလို့ တွေ့တာ။ အခုရက်ထဲတင် ရေနစ်လို့ သေတာ ၆ ယောက်လောက်ရှိပြီ။ ၁၉ ရက်နေ့ တနေ့ထဲတင် ၄ လောင်း တွေ့တယ်။ မရမ်းအိုင်ရွာဘက်က အသက်ကြီးပိုင်း တလောင်း၊ ငါးသိုင်ချောင်းဘက်မှာ ၂ လောင်း၊ အခု ကလေးနဲ့ဆို တနေ့ထဲ ၄ လောင်း” လို့ ဒေသခံတဦးက ပြောပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ ကြိုးကြာကွင်းအုပ်စု ကြို့ကုန်းကျေးရွာက ကိုလေးထွန်းနဲ့ ဒေါ်အေးသူတို့ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ကောင်းပြည့်စုံ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

“စာသင်ကျောင်းတွေကို အကုန်ဖွင့်ထားတယ်။ နယ်မြေအေးချမ်းနေသလိုမျိုး ထင်အောင်လုပ်တာက ကျောင်းသားတွေနဲ့ ဆရာမတွေအဖို့ အသက်အန္တရာယ်ကြားက ပညာသင်နေရတယ်” လို့ ဒေသခံ တဦးက ပြောပါတယ်။

အာဏာသိမ်းအစိုးရက ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်မှာ စာသင်ကျောင်းတွေကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး ရေကြီးရေလျှံမှုတွေကြားက ကျောင်းသွားကျောင်းပြန် ပြုလုပ်နေကြရတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“လေးမျက်နှာမြို့နယ်တခုလုံး ရေတွေကြီးနေတာတောင် မြို့နယ်ပညာရေးမှူးက တိုင်းညွှန်ကြားချက်ဆိုပြီး ကျောင်းထဲ ရေဝင်မှ ပိတ်ရမယ်လို့ ညွှန်ကြားထားတယ်” လို့ ပညာရေးနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သာတ အပါအဝင် မြို့နယ်တချို့က ကျေးရွာတွေမှာပါ ရေကြီးနေပြီး ရေကြီးတဲ့ဧရိယာ ကျယ်ပြန့်လာတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်