စာသင်ကျောင်းနဲ့အတူ ညီမလေးလဲ ပါသွားပြီ

မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ညီမလေးသဲနုဝင်းရေ။

2021 ကနေစပီး 2026ထိ အတူတူလက်တွဲပြီးလုပ်လာခဲ့ကြတယ် ညီမလေးအရင်းတစ်ယောက်လို ခင်တွယ်ရပီး။

ဘာလုပ်စရာတွေပဲရှိနေနေ ပြောလိုက်တာနဲ့နဲ့ရှေ့ဆုံးကနေ တက်တက်ကြွကြွပါပီး အားလဲကိုးခဲ့ရတယ်။

မထင်မရှားလှုပ်ရှားဆောင်ရွက်နေသူမို့ အမျိုးသမီးဦးဆောင်သူတွေထဲမှာတော့ လူမသိပေမယ့် တစ်ကယ်ကိုစွမ်းဆောင်နိုင်တဲ့ ညီမလေးပါ။

17.8.2026ရက်နေ့ သူ့ဆိုင်လေးရောက်တော့ တို့ဟူးသုတ်တွေသုတ်ကျွေးတော့ ဗိုက်မဆာပေမယ့် သူ့စေတနာကိုအသိအမှတ်ပြုလို့ ကုန်အောင်စားခဲ့တာ ဒါကပဲ နှုတ်ဆက်ဖို့သွားလိုက်ရသလိုပါပဲ။

19.8.2026 ညနေ ၇နာရီကျော်မှာ မကြားချင်ဆုံးသတင်းက လေယဉ်ဗုံးကြဲလို့ ငါတို့ညီမလေးထိသွားပီတဲ့။

မြောင်ပညာရေးကွန်ရက်က ဆရာဆရာမတွေလည်း အထိတ်တလန့်ဖြစ်ကုန်ကြပီး ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းကြရင်း သူ့အတွက်အားလုံးကလည်းစိတ်ပူနေခဲ့ကြတာ။

စနစ်ဆိုးရဲ့အောက်မှာ ပြည်သူတွေဟာ အပြစ်မဲ့သားကောင်တွေမို့ ဘာမှမတက်လိုက်နိုင်ကြပါဘူး။

နောက်ရက်မနက် ၈နာရီလောက် သွားတာတောင် လေကြောင်းထပ်လာမှာကြောက်လို့ ကတိုက်ကရိုက် သဂ်ြုလ်လိုက်ကြတယ်။

ဈာပ‌နတောင်မမှီလိုက်လို့ စိတ်မကောင်းထပ်ဖြစ်ရပါတယ်။

သူမဟာ လေးစားစရာကောင်းသလို သူ့ရွာရော သူ့အဖွဲ့ရောအတွက် အားကိုးရတဲ့သူပါ။

သူမဟာ 2021 အစဦးပိုင်းမှာ ကျနော်တို့ CDSOM တပ်ဖွဲ့မှာ ပါဝင်ထမ်းဆောင်ခဲ့ပြီး 2022 ခုနှစ် မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ M2W ဖွဲ့တဲ့အချိန်မှာလည်း ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရင်း မိုင်းထုတ်လုပ်ရေး၊ မိုင်းတပ်ဆင်ရေးပိုင်းတွေမှာ ဦးဆောင်ပါခဲ့တယ်။

မြို့နယ်တွင်း လူငယ်တွေစုစည်းပြီး မြောင်လူငယ်ကွန်ရက်အနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေနဲ့ လူထုစည်းရုံးရေး သပိတ်တွေလုပ်ကြတဲ့အခါမှာလည်း နေပူပူ မိုးရွာရွာ မညီးမညူပါဝင်လုပ်တဆာင်ခဲ့တယ်။

နောက်ပိုင်း ပညာရေးအတွက် ကျောင်းတွေပြန်ဖွင့်ကြိုးစားကြတဲ့အခါမှာလည်း မြောင်ပညာရေးကွန်ရက်အနေနဲ့ သူ့ရပ်သူ့ရွာမှာ ကျောင်းဖွင့်နိုင်ရေး ဦးဆောင်ကြိုးစားကာ မကျဆုံးမီအချိန်အထိ သူ့ရွာကျောင်းလေးမှာ စာသင်ပေးရင်း တော်လှန်ရေးကာလရဲ့ ကျရာဇာတ်ရုပ်တိုင်းမှာ ပြည်သူတွေအတွက် စိတ်ရင်းအမှန်နဲ့ အရိုးသားဆုံးကြိုးစားသွားခဲ့တဲ့ညီမလေးပါ။

ပြည်သူတွေအတွက် ကြိုးစားလုပ်ဆောင်ခဲ့တာတွေကို ဂုဏ်ပြုရင်း အလေးပြုလိုက်ပါတယ် ညီမလေးရေ။

ဘဝအဆက်ဆက် အခုလို ယုတ်မာကောက်ကျစ်တဲ့ မင်းညစ် မင်းဆိုး‌တွေရဲ့ စနစ်ဆိုးတွေနဲ့ ကင်း‌ဝေးရာ ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝတစ်ခုခုမှာ အေးချမ်းစွာ အနားယူပါတော့ညီမလေး သဲနုဝင်းရေ။

Ko Nway Oo – Myaung

Myaung Pdf Cdsom

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်