မျိုနိုင်မက မျိုပြီးနောက် ရှေ့ရောနောက်ပါ လန့်နေရပြီဖြစ်တဲ့ အုပ်ကြီးနဲ့ အမတ်တု

ချောင်းဆုံတွင် လာဘ်စားကြမ်းသည့် မြို့နယ်အုပ်ချုပ်ရေးမှူးကို အမတ်တုတို့ ကြောက်နေကြဟုဆို

မွန်ပြည်နယ်၊ ချောင်းဆုံတွင် ပြည်သူကို အာဏာပြ ဗိုလ်ကျကာ ဗြောင်ကျကျ အဂတိလိုက်စားနေ သော မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၏ လုပ်ရပ်အား အမတ်တုများက မမြင်ချင်ယောင်ဆောင် နေကြကြောင်း သိရသည်။

မွန်ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း၏ တပည့်တစ်ဦးဖြစ်သူ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းသည် ယခင် စစ်ကောင်စီလက်ထက်ကလည်း အကြီးအကျယ်လာဘ်စားခဲ့သလို ယခု လည်း မလျှော့သောဇွဲလုံ့လဖြင့် လာဘ်စားမြဲဖြစ်ကြောင်း ချောင်းဆုံဒေသခံအချို့က ဆိုသည်။

“လတ်တလော ဇော်နိုင်ဝင်း လာဘ်စားနေတာက မြေဝယ်ပြီး အိမ်ဆောက်တဲ့ကိစ္စပေါ့။ကျနော်တို့ဆီ က မြေတွေက ဥယျာဉ်ခြံမြေနဲ့ လယ်မြေပဲ အများဆုံးဆိုတော့ အဲအချက်ကို ကိုင်ပြီး ဒီမြေတွေပေါ်မှာ အိမ်မဆောက်ရဘူးပေါ့ဗျာ။

အိမ်ဆောက်ချင်ရင် သိန်းရာချီတောင်းတယ်။ နေရာကောင်းတဲ့ မြေတွေ ကိုဆို သိန်း ၂၀၀၊ ၃၀၀ အထိတောင်းတယ်။ ပိုက်ဆံမပေးရင် အိမ်ဆောက်ခွင့် မပေးဘူး”ဟု ချောင်းဆုံ မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦး ပြောသည်။

ချောင်းဆုံမြို့နယ်မှ အနိုင်ရခဲ့သော ကြံ့ဖွံ့အမတ်တု မင်းမြတ်မောင်လေးသည် ပြည်နယ်စိုက်ပျိုးရေး ဝန်ကြီးဖြစ်ပြီး မျိုးမင်းလှိုင်မှာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဖြစ်ကာ ၎င်းတို့ ၂ ဦးစလုံးမှာ ချောင်းဆုံမြို့သားများဖြစ်သည်။

ထို့အပြင် မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်အမတ်တု စိုးသူ နှင့် အမျိုးသားလွှတ်တော်အမတ်တု ရဲထွဋ်အောင်တို့မှာလည်း ချောင်းဆုံသားများဖြစ်ကြောင်း သိရ သည်။

“ကျနော်သိသလောက်ပြောရရင် မျိုးမင်းလှိုင်နဲ့ ကိုရဲ(ရဲထွဋ်အောင်)က ကွမ်သဲရွာသား။ မင်းမြတ် မောင်လေးက ကမာမိုရွာသား။ သူတို့၃ယောက်စလုံးက ချောင်းဆုံမှာ တစ်သက်လုံး အမြဲတမ်းနေခဲ့ တဲ့သူတွေဆိုတော့ ဇော်နိုင်ဝင်း ဘယ်လောက် လာဘ်စားသလဲဆိုတာ သူတို့ကိုယ်တိုင် သေချာသိ တယ်။ဒါပေမဲ့၊မသိချင်ယောင်ဆောင်နေကြတယ်။ ကြောက်ကြတယ်”ဟု ချောင်းဆုံမြို့နယ်၊ သက္ကောရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းက ယင်းအမတ်တုများကို ၎င်း၏တပည့်များသဖွယ် အထက်စည်းက ဆက်ဆံနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။

“ပြောရရင် ချောင်းဆုံပြည်သူတွေက ခင်ဗျားတို့မီဒီယာတွေရေးကြသလို အမတ်တုတွေဘာတွေက ထား။ဘာပဲဖြစ်ဖြစ် သူတို့က ဝန်ကြီးတွေ၊အမတ်တွေဖြစ်နေပြီဆိုတော့ ကိုယ့်ဒေသမှာ ဘယ်အရပ်က လာတဲ့ကောင်မှန်းမသိတဲ့ ဇော်နိုင်ဝင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတာကို ကိုယ့်ဒေသသား အမတ်တွေက ကိုင်ပစ်လိုက်တာမျိုး ဖြစ်စေချင်တယ်။ အခုအချိန်ထိ ဒီအမတ်တွေကပါ ဇော် နိုင်ဝင်းကို ကြောက်နေရသလို ဖြစ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ချောင်းဆုံမြို့နယ်ထွက် ပြည်နယ်ဝန်ကြီးများနှင့် အမတ်တုများသည် ဇော်နိုင်ဝင်းဆီက အဂတိခွဲတမ်းရနေသလားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချောင်းဆုံမြို့သားအများစုမှာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြပြီး ၎င်းတို့၏ စုဆောင်းငွေ များကို ချောင်းဆုံမြို့နယ်အတွင်း မြေဝယ်ကာ အိမ်ဆောက်လေ့ရှိရာ အထူးသဖြင့် မော်လမြိုင်နှင့် ချိတ်ဆက်ထားသည့် ဘီလူးကျွန်းတံတားအဆင်းမှ ချောင်းဆုံမြို့သို့ သွားရာ ကညှော်ရွာ၊ကတောင် စိန်ရွာ၊ ဘိုးနက်ရွာ၊ကွမ်လမိုင်းရွာ၊သက္ကောရွာတို့မှ လမ်းမတန်းမြေများမှာ အရောင်းအဝယ်လိုက် လျက်ရှိကြောင်း ချောင်းဆုံမြို့ထိပ်နေ ပြည်သူတစ်ဦးက ပြောသည်။

“အဲဒီ လမ်းမတစ်လျှောက်က ဆောက်ထားတဲ့ အိမ်တွေအားလုံးက ဇော်နိုင်ဝင်းကို သိန်း၂၀၀ အနည်း ဆုံးမပေးရင် ဆောက်ခွင့်မရဘူး။ဇော်နိုင်ဝင်းနဲ့ အတွဲက မျိုးဝင်း။သူက ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်”ဟု ၎င်းက ပြောသည်။

မျိုးဝင်းသည် ချောင်းဆုံမြို့နယ်ကြံ့ဖွံ့ဥက္ကဌလည်း ဖြစ်ပြီး မွန်ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း၏ တပည့်လည်း ဖြစ်ကာ စစ်ကောင်စီလက်ထက်ကတည်းက ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည်။

၎င်းသည် ရွေးကောက်ပွဲအတုတွင် ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်မှ ဝင် ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သော်လည်း ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဆက်လက် ခန့်ထားခြင်းခံရသည်။

“မျိုးဝင်းက ချောင်းဆုံသားဆိုပေမဲ့ ဇော်နိုင်ဝင်းနဲ့ပေါင်းပြီး ကိုယ့်ဇာတိသားတွေကို အာဏာပြပြီး လာဘ်စားကြမ်းနေတဲ့ကောင်ပဲ”ဟု သက္ကောရွာသားက ဆိုသည်။

ဇော်နိုင်ဝင်းသည် အဂတိလိုက်စားရ လွယ်နေသော ချောင်းဆုံမြို့နယ်မှ ပြောင်းရွှေ့မခံရရေးအတွက် နေပြည်တော်ရှိ ပြည်ထဲရေး ညွှန်ချုပ်ကို နှစ်စဉ် လာဘ်ထိုးနေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူကပြောသည်။

ချောင်းဆုံမြို့နယ်တွင် ဂရန်ပေါက်မြေ ၅ရာခိုင်နှုန်းကျော်သာရှိပြီး ဌာနပိုင်မြေများမှစ၍ ကျန်မြေအား လုံးမှာ ဥယျာဉ်ခြံမြေနှင့် လယ်မြေ များသာ ဖြစ်သည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ- လာဘ်စားကြမ်းသည့် မျိုးဝင်း(ဝဲ)နှင့် ဇော်နိုင်ဝင်း။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်