တန့်ဆည်တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများပြီး ​တော်လှန်​ရေးအဖွဲ့​တွေက စစ်သုံ့ပန်း ၇ ဦးဖမ်းမိ

ဝါသဝ ၏ ပျူ​များထဲမှ စစ်သား၊ရဲ နှင့် ပျူများကိုဖမ်းမိဟု PDF ​ပြော

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ တိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

မတ်လ ၃ ရက် နေ့ မနက် ၄ နာရီ ဝန်းကျင်ကတည်းက တန့်ဆည်မြို့နဲ့ အနီးဝန်းကျင်က စစ်​ကောင်စီတပ်စခန်း​တွေကို တော်လှန်ရေးတပ်တွေကတိုက်ခိုက် နေတာဖြစ်ပါတယ် ။

မြို့အနီးက ဆင်ငယ်ပျူစောထီးရွာအပါအဝင် စစ်တပ်တပ်စွဲ​နေတဲ့ရွာအချို့ နဲ့တန့်ဆည်မြို့ရဲ့​နေရာအချို့ကို ​တော်လှန်​ရေးတပ် တွေကိုသိမ်းယူထားနိုင်ပြီလို့သိရပါတယ်။

မတ်လ၄ရက် နေ့ညပိုင်းက ဆင်ငယ်ရွာကိုအထိုင်ချထားတဲ့ကန့်ဘလူ သင်္ကန်းဝတ် ဝါသဝ စစ်ကြောင်းက ရဲ နဲ့ ပျူစောထီး၊စစ်သား စုစုပေါင်း ၇‌‌ ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ PDF တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်းလေယာဉ်နဲ့ ​ဆက်တိုက်လာရောက်တိုက်ခိုက်တာ​နေတာလို့ သိရပါတယ်။

“တိုက်ပွဲကပျောက်ကြားပုံစံမျိုးတော့ ဆက်ဖြစ်နေတ‌‌ယ်။စကစအ လောင်း ၁၅ လောင်းထပ်ရထားတယ်။တချို့နေရာတွေကိုလည်း စီးနိုင်ထားတယ်လို့ပြောလို့ရပါတယ်”လို့ အဲဒီရဲဘော်ကဆက်ပြောပါတယ်။

မတ်လ ၅ ရက်​ညပိုင်းက စစ်တပ်ဘက်က Y-12နဲ့လက်နက်ပစ္စည်းနဲ့ ရိက္ခာ တွေထောက်ပံ့ထားသလို မတ်လ ၆ ရက်​နေ့ မနက်ပိုင်းမှာကန့်ဘလူမြို့နယ် ကာဘိုးရွာအနီး ရွှေလမ်းဆုံရွာက ပျူစောထီး၁၀၀လောက် တန့်ဆည်မြို့ကို အင်အားထပ်တိုးထားတယ်လို့သိရပါတယ်။

မတ်လ ၆ ရက်ည နဲ့ ဒီ​နေ့ (မတ် ၇ )မှာလည်းတိုက်ပွဲ​ ဆက်လက်ပြင်းထန်​နေပြီး​တော့ စစ်တပ်က ​လေ​ကြောင်းပစ်ကူသုံးခုခံတိုက်ခိုက်​နေတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

​တော်လှန်​ရေးတပ်​တွေက မြို့ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း ကစစ်တပ် တပ်စွဲရာ​နေရာ​တွေကိုလက်သိမ်းယူဖို့ကျန်‌နေပြီး စစ်ကောင်စီဘက်ကမြို့တွင်းက ဘောလုံးကွင်း၊ ကြံ့ခိုင်ရေးရုံး၊ ထွေအုပ်ရုံးနဲ့ရဲစခန်းတွေမှာအထိုင်ချခုခံ​နေတာလို့သိရပါတယ်။

​ဒေသတွင်း တော်လှန်ရေးတပ်တွေကတန့်ဆည်မြို့က စစ်တပ်စခန်း​တွေကိုအရင်ကလည်း ၂ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပါတယ် ။

​ဒေသခံပြည်သူ​တွေဟာ အရင်ကတည်းက ​ဘေးလွတ်မယ်ထင်ရာကို ထွက်​ပြေးတိမ်း​ရှောင် ​နေကြတယ်လို့ ​ဒေသခံ အချို့က​ပြောပါတယ် ။

တန့်ဆည် PDF နှင့် တန့်ဆည် ပကဖ တပ်ဖွဲ့ဝင်များ / ပျူဘုန်ကြီး ဝါသဝ နှင့် ပျူ​စောထီးများ။ ဓါတ်ပုံ-တန့်ဆည် ပကဖ ၊ စစ်​ကောင်စီ )

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *