ခရီးသည်တင်ယာဥ်လိုင်းတွေပါ ဝင်စီးကုန်ပြီ

တော်လှန်ရေးတပ်ဘက်ကို သတင်းပေးလို့ဆိုကာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းကို ဝင်ရောက်စီးနင်းကာ တာဝန်ရှိသူတွေကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းက ဂိတ်မှူးဖြစ်သူနဲ့ စာရေးမ ၂ ဦးကို တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက ဂိတ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

“စစ်တပ်ဘက်က ဝန်ထမ်းတွေ ကားစီးရင် တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်လို့ စွပ်စွဲထားတယ်၊ ဒီကားလိုင်းက အဖမ်းခံရတဲ့ဝန်ထမ်း တယောက်မှ မရှိဖူးသေးပါဘူး”လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။

“ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိဘူး။ လက်ရှိ ယာဥ်လိုင်းကို စစ်တပ်က စစ်ဆေးနေတယ်။”

ဖမ်းဆီးခံရသူ ၃ ဦးဟာ “ဘုရင်”ခရီးသည်တင် မော်တော်ယာဥ်လိုင်းက ဂိတ်မှူး ဇေယျာဝင်း၊ လက်မှတ် အရောင်းစာရေး မအေးမြင့်ဆွေနဲ့ မသိမ့်သိမ့်သူ တို့ဖြစ်တယ်လို့ သိရပါတယ်။

“စစ်သားတွေ၊ ရဲတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းကားစီးရင် ယာဥ်လိုင်းက PDF တွေဆီ သတင်းပေးတယ်ဆိုပြီး ဂိတ်မှူးနဲ့ စာရေးမ ၂ယောက်ကို ဒီနေ့မနက် ၁၀ နာရီမှာ လာဖမ်းသွားတာ။”

“ဖုန်းတွေကို အကုန်သိမ်းတယ်၊ ခရီးစဥ်စာရွက်စာတမ်းတွေလည်း သိမ်းသွားတယ်၊ ကွန်ပျူတာတွေကော အကုန်ပဲ၊ ပိုက်ဆံတွေပါ ထည့်ယူသွားတယ်၊ ယာဥ်လိုင်းကို ပိတ်ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာတော့ ရွှေဘို အဝေးပြေးကားကြီးဝင်းအတွင်းက ခရီးသည်တင်ယာဥ်လိုင်းတွေလည်း ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်