လောက်ကိုင်က ကျားဖြန့်လုပ်ငန်းတစ်ခုကို MNDAA က ဝင်ဖမ်းပြီး တရုတ်လက်ထဲလွှဲပြောင်း

MNDAA ထိမ်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ တုံချိန်ရှိ ၉၁ ဟော်တယ်ကို MNDAA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက်ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား တယ်လီကွန် နည်းပညာရှင်တွေကို ဩဂုတ် ၁၈ ရက်နံနက်ပိုင်း နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။



Leave a Reply