ကျွန်တော်ငွေ သိန်း 1150 လိမ်သော တရားခံ ၃ ဦး လုံး ဖမ်းမိပါပြီ
မြန်မာန်င်ငံရဲတပ်ဖွဲ့၊ နိုင်ငံတော်ဗဟိုဘဏ်နှင့် KBZ ဘဏ် အထူးကျေးဇူးတင်ရှိပါတယ်

ကျွန်တော့်ရဲ့ KBZ ဘဏ်အကောင့်မှတဆင့်
လွဲပေးလိုက်သောငွေကျပ်သိန်း ၅၀၀ အား
တားတားပေးသောနိုင်ငံေတာ်ဗဟိုဘဏ်နှင့် KBZ ဘဏ်
ကိုလည်းကျေးဇူးတင်ပါတယ်။
KBZ ဘဏ်အကောင့်မှ ငွေကျပ်သိန်း ၅၀၀
အား ဗဟိုဘဏ်မှချမှတ်ထားသော ငွေ
အတိုင်းအတာထက်ကျော်လွန်၍ ဥပဒေနှင့်

မညီငွေသားထုတ်ပေးခဲ့သော ဒေါ်မျိုးကြည်အား
သက်ဆိုင်ရာဘဏ်မှ စာချုပ်များ
ဘဏ် Account များအားရုပ်သိမ်းမှုပြုလုပ်
သင့်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်
ထားသည့် တည်ဆဲဥပဒေအရ ထည့်သွင်း
၍ တရားစွဲဆိုသင့်ပါတယ်လို့ ထင်မိပါတယ်။

ထိုသို့ထည့်သွင်း၍ တရားစွဲဆိုမှသာ
အလွယ်တကူ ငွေထုတ်ပေးမှု၍ ရပ်တန့်သွား
မည်ဖြစ်ပီး ငွေကြေးလိမ်လည်မှုများ လုံးဝ
ပပျောက်သွားမည် ဖြစ်ပါတယ်။

ကျွန်တော်
ရဲ့ ငွေလိမ်လည်မှုအား ဖော်ထုတ်ပေးခဲ့ပါသော
ရဲတပ်ဖွဲ့၊ နိုင်ငံတော်ဗဟိုဘဏ်နှင့် KBZ ဘဏ်
ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
Online လိမ်လည်မှူ့ဥပဒေ အသစ်ထွက်ပေါ်လာခြင်းကိုလဲ အထူးကျေးဇူးတင်ပါတယ်
John Lwin



Leave a Reply