မိတ္ထီလာတွင် လေတပ်အမောင်းသင်လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုဖြစ်ပွါးခဲ့ပြီး ပျက်ကျ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်တင်လေတပ်စခန်းဌာနချုပ်တွင် ဩဂုတ် ၂၁ ရက်က လေတပ်အမောင်းသင်လေယာဉ်တစ်စင်း ကွင်းပြန်အဆင်းတွင် စက်ချို့ယွင်းမှုဖြစ်ပွါးခဲ့ပြီး ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကြောင့် သင်တန်းသား အမောင်းသင် ဗိုလ်သေဆုံးကာ နည်းပြ ဗိုလ်မှူး ခါးရိုးကျိုးသွားခဲ့ကြောင်း သိရသည်။
မိတ္ထီလာ လေတပ်စခန်း ဌာနချုပ်သည် မြန်မာတစ်နိုင်ငံလုံး၏ လေသူရဲတို့ကို မွေးဖွားပေးရာနေရာ ဖြစ်သည့် အပြင် စစ်ရှုံးစစ်ကောင်စီ၏လေတပ်စခန်းတို ၏ အဓိက ခေါင်ချုပ် လေတပ်ဌာနချုပ်ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအားလုံးအတွက် အခရာကျသော အကြမ်းဖက်စစ်ကော်မရှင်တပ်၏ အားအထားရဆုံးလေတပ်စခန်းဌာနချုပ်လည်းဖြစ်သည်။
မိတ္ထီလာလေတပ်တွင် လေ့ကျင့်ရေးလေယာဉ် ပျက်ကျပြီး အမောင်းသင်အရာရှိ ၆ ဦး သေဆုံးကာ နည်းပြ ဗိုလ်မှူး ခါးရိုးကျိုး ဒဏ်ရာရ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် စစ်ကောင်စီ၏ အမောင်းသင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း လေတပ်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့က မိတ္ထီလာ လေကြောင်းအတတ်သင်ဌာနချုပ်၌ လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်အပြီး လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်စဉ် စက်ချို့ယွင်းမှုဖြစ်ပွားကာ အဆိုပါ လေတပ်အမောင်းသင်လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါမောင်းနှင်လေ့ကျင့်နေသည့် အမောင်းသင် ဗိုလ်အဆင့်ရှိ သင်တန်းသားအရာရှိ ၆ ဦး နေရာမှာပင် သေဆုံးခဲ့ပြီး၊ လေယာဉ်မောင်းနည်းပြဖြစ်သူ ဗိုလ်မှူးမှာမူ ခါးရိုးကျိုးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် လေယာဉ်မောင်းနည်းပြ ဗိုလ်မှူးအား အရေးပေါ် ဆေးကုသမှု ပေးထားပြီး လေယာဉ်စက်ချို့ယွင်း၍ ပျက်ကျရသည့် အသေးစိတ် အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို စစ်ကောင်စီ လေတပ်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း- ရွှေမိုး



Leave a Reply